|
အမည် |
ဦးမြင့်ထွန်း |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ရခိုင်/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၃/ဖခန(နိုင်)၀၃၈၆၅၇ |
|
မွေးသက္ကရာဇ်/အသက် |
၂၃-၄-၁၉၅၆/(၅၄) နှစ် |
|
မွေးဖွားရာဇာတိ |
ကျောက်ဖြူမြို့ |
|
ပညာအရည်အချင်း |
အခြေခံပညာအထက်တန်းအောင် |
|
လက်ရှိအလုပ်အကိုင် |
စစ်မှုထမ်း (ငြိမ်း) |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးထွန်းအောင်ဖြူ (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်တင်တင်ထွေး၊ ၁၁/ကဖန(နိုင်) ၀၀၃၃၇၆၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်စံပယ်ဖြူ၊၊ ၁၃/ဖခန(နိုင်) ၀၃၈၆၄၂၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မစုမြတ်မြင့်ထွန်း၊ ၁၃/ဖခန(နိုင်)၀၃၈၆၃၆၊ မှီခို၊ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၄၀၃)၊ စတုတ္ထထပ်၊ ယုဇန Business Tower ၊ ဓမ္မစေတီလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကော့သောင်းမြို့နယ်(ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဥ်က ရမ်းဗြဲမြို့ ပလုပ်တောင် အ.လ.က၊ ရမ်းဗြဲမြို့ ကမ်းထောင်ကြီးကျေးရွာ အ.လ.က ၊ ကျောက်ဖြူမြို့ အ.လ.က (၁)နှင့် အ.ထ.က (၁)တို့၌ ပညာသင်ကြားခဲ့သည်။၁၉၇၅ ခုနှစ် ဧပြီလ(၄)ရက်နေ့တွင် အလုပ်သင်ဗိုလ် ဗိုလ်လောင်းသင်တန်းအမှတ်(၅)သို့ တက်ရောက်ခဲ့ ပြီး ၁၉၇၈ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ ဒုဗိုလ် ၊ ဗိုလ် ၊ ဗိုလ်ကြီးတို့အဖြစ် ခလရ(၉)လင်းခေးနှင့် လွယ်လင်တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ခလရ(၉၁)တွင် တပ်ထောက်/ရေးဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ တမခ(၁၁)တွင် စစ်ဦးစီးမှူး (တတိယတန်း) တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၂ ခုနှစ်အထိ ခလရ(၅၄)တွင် ယာယီတပ်ခွဲမှူး (ဗိုလ်မှူး)နှင့် ဌာနချုပ်တပ်ခွဲမှူးတာဝန် ၊ လွိုင်ကော်ခရိုင် စဝတဥက္ကဋ္ဌတာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၉၂ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ဒကစ(ကျိုင်းတုံ)တွင် စစ်ဦးစီးမှူး(ဒု)တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၃ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ခမရ(၂၁၉)တွင် ဒုတပ်ရင်းမှူးတာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၅ ခုနှစ်မှာ ၁၉၉၆ ခုနှစ်အထိ ခမရ(၄၂၂)တွင် ယာယီတပ်ရင်းမှူးတာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၆ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ခမရ(၄၂၂)တွင် တပ်ရင်းမှူးတာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ စကခ(၆)တွင် စစ်ဦးစီးမှူး(ပ) တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၁ ခုနှစ်အထိ ကရခတွင် ယာယီစစ်ဗျူဟာမှူး၊ စစ်ဗျူဟာမှူး တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၂၀၀၁ ခုနှစ် ဇူလိုင်လ (၁၄)ရက်နေ့တွင် စဗခ(ကသ)သို့ ပြောင်းရွှေ့ရောက်ရှိ ခဲ့ပြီး ၂၀၀၈ ခုနှစ် ဇူလိုင်လ(၆)ရက်နေ့အထိ စစ်ဗျူဟာမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၂၀၀၈ ခုနှစ် ဇူလိုင်လ(၇)ရက်နေ့မှ ၂၀၁၀ ပြည့်နှစ် သြဂုတ်လ၂၄ ရက်နေ့အထိ အမှတ်(၇)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် တာဝန်မှ အငြိမ်းစားယူသည်။ တာဝန်ထမ်းဆောင်သည့်ဒေသများတွင် မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။နိုင်ငံတော်စစ်မှုထမ်းတံဆိပ် ၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ် ၊ မိုင်းယန်း /မဲသဝေါ တိုက်ပွဲဝင်တံဆိပ် ၊ နိုင်ငံတော် အေးချမ်းသာယာရေးတ ဆိပ် နှင့် စစ်မှုထမ်းကောင်းတံဆိပ်များ ရရှိခဲ့သည်။ |
