ဦးအောင်မင်း (တောင်ငူမဲဆန္ဒနယ်)

အမည်

ဦးအောင်မင်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၉/မထလ(နိုင်) ၁၆၀၉၅၃

မွေးသက္ကရာဇ်/အသက်

၂၁-၁၁-၁၉၄၉ (၆၂ နှစ်)

မွေးဖွားရာဇာတိ

ပဲခူးမြို့

ပညာအရည်အချင်း

သိပ္ပံဘွဲ့

လက်ရှိအလုပ်အကိုင်

ဝန်ကြီး (ရထားပို့ဆောင်ရေး ဝန်ကြီးဌာန)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးလှရှိန်(ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ် ဒေါ်ညွန့်ရင် (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါက်တာဝေဝေသာ၊ ၁၂/ပဇတ(နိုင်)၀၀၂၅၉၀၊ ဒုဥက္ကဋ္ဌ မိခင်နှင့်ကလေး စောင့်ရှောက်ရေး

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ဒေါ်အေးမြအောင်၊ ၉/ပမန(နိုင်)၁၆၅၁၄၄၊ ကုန်သည်

(၂) ဗိုလ်ထူးအောင်၊ ၉/ပမန(နိုင်)၁၂၈၉၀၁၊ စစ်မှုထမ်း

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၄၈၇)၊ အင်းဝလမ်း၊ မင်းကြီးညိုရပ်ကွက်၊ တောင်ငူမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တောင်ငူမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်က အခြေခံပညာကို ရန်ကုန်စိန်ပေါလ် အထက်တန်းကျောင်းတွင် သင်ကြားခဲ့သည်။ ပုသိမ်ကောလိပ်တွင် သင်္ချာအဓိကဖြင့် ပထမနှစ်သင်တန်း တက်ရောက်ခဲ့သည်။ ၁၉၆၇-၇၁ ခုနှစ်အထိ စစ်တက္ကသိုလ်တွင် ထပ်မံပညာ သင်ကြားခဲ့ပြီး သိပ္ပံဘွဲ့ရရှိခဲ့သည်။

(၁၉၈၈-၉၁) အထိ ကချင် (၄) တွင် ဒု-တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ (၁၉၉၁-၁၉၉၃) အထိ ခလရ(၂၃၉) တွင် တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ တ-မ-ခ(၄၄) တွင် စစ်ဦးစီး (ပ) အဖြစ်လည်းကောင်း၊ စ-က-ခ (၆) တွင် နည်းဗျူဟာမှူး အဖြစ်လည်းကောင်း၊ စ-က-ခ (၁၀) တွင် ဒု-စကခမှူးအဖြစ်လည်းကောင်း ၊ တ-မ-ခ(၆၆) တွင် တပ်မမှူးအဖြစ်လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့သည်။ ရထားပို့ဆောင်ရေးဝန်ကြီး ဌာနတွင် ဝန်ကြီးတာဝန်များကို ထမ်းဆောင်လျက်ရှိသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ဗဟိုအလုပ်မှုဆောင် အဖြစ် လည်းကောင်း၊ ပဲခူးတိုင်းပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တာဝန်ခံအဖြစ် ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

နိုင်ငံတော်မှ ချီးမြှင့်သော သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ရရှိခဲ့သည်။