|
အမည် |
ဦးအောင်စိုးမြင့် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၇/တငန (နိုင်) ၀၀၉၅၁၅ |
|
မွေးသက္ကရာဇ်/အသက် |
Sunday, August 3, 1952 |
|
မွေးဖွားရာဇာတိ |
တောင်ငူမြို့ |
|
ပညာအရည်အချင်း |
B.Ecom (MS) |
|
လက်ရှိအလုပ်အကိုင် |
ကုန်သည် |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးအုန်းကျော် (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်အေးမိ၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်အေးအေးစမ်း၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မပုံ့ပုံ့စိုး၊ ကုန်သည် |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၁၂/၈၈)၊ အောင်ချမ်းတောင်ရပ်၊ (၅) လမ်း၊ တောင်ငူမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တောင်ငူမြို့နယ် (ပထအအကြိမ်- ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို စိန်ဂျိုးဇက်ကွန်ဗင့်၊ အ.ထ.က (၃) နှင့် အ.ထ.က(၁) တောင်ငူတို့တွင် သင်ယူခဲ့ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ B.Econ(M.S) ဘွဲ့ ရရှိခဲ့သည်။ တောင်ငူမြို့တွင် ပုဂ္ဂလိကကုန်သည်အဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။ NLD မြို့နယ်စည်းအတွင်းအရေးမှူး၊ တိုင်းတွဲဖက် အတွင်းရေးမှူး၊ ဗဟိုဦးစီးအဖွဲ့ဝင် အကျဥ်းသားကူညီ စောင့်ရှောက်ရေးနှင့် ပညာရေးကွန်ယက်တို့တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ လိုင်စင်မဲ့ဆိုင်ကယ်တစ်စီးရှိသည့်အတွက် သွင်းကုန်း/ထုတ်ကုန် (ယာယီ)ပုဒ်မ ၅(၁)အရ ၃၁-၈-၂၀၀၃ ရက်နေ့တွင် စတင်ဖမ်းဆီးခံခဲ့ရပြီး ၂၃-၉-၂၀၀၈ရက်နေ့တွင် ပြစ်ဒဏ်မှလွတ်မြောက်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် ပဲခူးတိုင်း၊ တောင်ငူမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ |
