ဦးဌေးဝင်းအောင်( ဒေါပုံမဲဆန္ဒနယ်)

အမည်

ဦးဌေးဝင်းအောင်

အခြားအမည်

ဦးပြုံးချို

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/တမန(နိုင်)၁၁၃၃၄၄

မွေးသက္ကရာဇ်/အသက်

၂-၄-၁၉၆၆/(၄၉)နှစ်

မွေးဖွားရာဇာတိ

တာမွေမြို့နယ်၊ ရန်ကုန်

ပညာအရည်အချင်း

B.Sc(Geology)Q

လက်ရှိအလုပ်အကိုင်

နိုင်ငံရေး/ လူ့အခွင့်အရေးမြှင့်တင်မှု/ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း )

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဝင်းမောင်၊ ၁၂/သဃက(နိုင်) ၀၇၀၂၃၀၊အငြိမ်းစား(ကျန်းမာရေးဌာန)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်မြမြအေး၊ ၁၂/သဃက(နိုင်)၀၇၁၂၄၆၊အငြိမ်းစား(ကျန်းမာရေးဌာန)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ဝါဝါဝင်း၊ ၁၂/သကတ(နိုင်)၀၁၁၄၂၅၊ အရောင်းအဝယ်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်( ၁၇၅/ခ )၊ ဇော်ဂျီလမ်း၊ ဆေးစက်ရပ်ကွက်၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟို ကော်မတီဝင်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒေါပုံမြို့နယ်(ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို ၁၉၇၁ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ အ.မ.က (၁၃)တာမွေ၊ ၁၉၇၆ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ အ.ထ.က (၅) တာမွေတို့တွင် သင်ယူခဲ့သည်။ ၁၉၈၂ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)၊ ၁၉၈၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်(ပင်မ)တို့တွင် ပညာဆက်လက်သင်ယူခဲ့ပြီး B.Sc(Geology)Q ကို ရရှိခဲ့ပါသည်။ ထို့အပြင် ၂၀၁၄ ခုနှစ်တွင် University Of Oslo သို့လည်း သွားရောက်ပညာသင်ယူခဲ့ပါသည်။
၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၏ လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

၁၉၉၁ ခုနှစ် တွင် ၅(ည)၊ ၁၇(၁)ဖြင့် (၇)နှစ်၊ ၁၉၉၆ ခုနှစ်တွင် ၅(င)ဖြင့် (၇)နှစ်၊ အီလက်ထရောနစ်အက်ဥပဒေ(၂၀၀၈)ဖြင့် (၆၅)နှစ်စသည့် ပြစ်ဒဏ်များ ကျခံခဲ့ပါသည်။