ဦးမောင်မောင်ဆွေ ( နမ့်ဆန် မဲဆန္ဒနယ်)

 

အမည်

ဦးမောင်မောင်ဆွေ

အခြားအမည်

စတင်လီသိန်း

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/လကန(နိုင်)ဝ၃၅၇၈၃

မွေးသက္ကရာဇ်/အသက်

၄.၉.၁၉၅၀ / (၆၀)နှစ်

မွေးဖွားရာဇာတိ

စိုင်ပြင်ကျေးရွာ၊ ဒီပဲယင်းမြို့နယ်

ပညာအရည်အချင်း

သိပ္ပံဘွဲ့ (ရုက္ခဗေဒ)

လက်ရှိအလုပ်အကိုင်

ဝန်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးသိန်း (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်ပု (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်တင်နွဲ့၁၂/ ဒဂန (နိုင်) ၀၀၃၃၄၉

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မအိသက်သက်ဆွေ၊ ၁၂/ဒဂန(နိုင်) ၀၀၃၃၄၉

(၂) မောင်ကောင်းကျော်ဆွေ၊၁၂/မရက(နိုင်) ၁၃၂၄၂၀

အမြဲတမ်းနေရပ်လိပ်စာ

 

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ နမ့်ဆန်မြို့နယ် (ပထမအကြိမ် )

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

၁၉၆၅-၆၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။ ၁၉၇၀-၇၁ ခုနှစ်၌ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်မှ သိပ္ပံဘွဲ့ (ရုက္ခဗေဒ) ရရှိခဲ့သည်။ ၁၉၇၄ ခုနှစ်မှ၍ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ဗိုလ်မှူး၊ တပ်ခွဲမှူး စသည်ဖြင့် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ ၁၉၉၅ခုနှစ်တွင် စစ်ဦးစီးအဖြစ် လည်းကောင်း၊ ၁၉၉၆ ခုနှစ်တွင် စစ်ဗျူဟာမှူးအဖြစ်လည်းကောင်း၊ ၁၉၉၉ ခုနှစ်တွင် တပ်မမှူးအဖြစ် လည်းကောင်း၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်ရာထူးများဖြင့် ၂၀၀၁ ခုနှစ်တွင် တိုင်းမှူး(မပပ)၊ ၂၀၀၅ ခုနှစ်တွင် တိုင်းမှူး(ကရမ)၊ ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၆ ခုနှစ်မှ ယနေ့အထိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။