ဒေါက်တာလှိုင်မြင့်ဟန်(ကန့်ဘလူ မဲဆန္ဒနယ်)

အမည်

ဒေါက်တာလှိုင်မြင့်ဟန်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၅/ကဘလ(နိုင်)၀၀၄၂ ၉၄

မွေးသက္ကရာဇ်/အသက်

၆-၅-၁၉၆၅/(၅၁)နှစ်

မွေးဖွားရာဇာတိ

ကန့်ဘလူမြို့

ပညာအရည်အချင်း

M.B.B.S

လက်ရှိအလုပ်အကိုင်

ပြင်ပဆေးကုသမှုဆရာဝန်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးအုန်းမောင်၊ ၅/ကဘလ (နိုင်)၀၀၁၁၇၇၊ ငှက်ဖျားရောဂါမှူး(ငြိမ်း)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မြသွေး၊ ၅/ကဘလ (နိုင်)၀၀၁၁၇၈၊မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်တင်အေး(ခ)ဒေါ်နွယ်နွယ်ဦး၊ ၅/ကဘလ (နိုင်)၀၀၂၈၃၃၊ အလပြ(ငြိမ်း)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ဒေါက်တာအိမိုဟန်၊ ၅/ကဘလ(နိုင်)၁၄၂၇၉၉၊ လက်ထောက်ဆရာဝန်

(၂ ) မောင်အောင်ဟန်၊ ၅/ကဘလ (နိုင်)၁၅၅၉၂၂၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၃)ရပ်၊ ကျန်စစ်သားလမ်း၊ ကန့်ဘလူမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုကော်မတီဝင်၊ ဥက္ကဋ္ဌ၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကန့်ဘလူမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

     အခြေခံပညာကို ၁၉၇၀ မှ ၁၉၇၃ ထိ အ-မ-က ၅ ကန့်ဘလူမြို့၊ ၁၉၇၃ မှ ၁၉၇၄ ထိ အ-မ-က ၃ ကန့်ဘလူမြို့ ၊၁၉၇၄ မှ ၁၉၈၀ ထိ အ-ထ-က(၁) ကန့်ဘလူမြို့တို့တွင် ပညာသင်ကြားခဲ့ပါသည်။ တက္ကသိုလ်ပညာကို ၁၉၈၀ မှ ၁၉၈၃ ထိ ရွှေဘိုဒေသကောလိပ်၊ ၁၉၈၄ မှ ၁၉၉၀ ထိ မန္တလေးဆေးတက္ကသိုလ် တက်ရောက်ခဲ့ပြီး M.B.B.S ဘွဲ့ရရှိခဲ့ပါသည်။

    ချပ်သင်းကျေးရွာ၊ ကန့်ဘလူမြို့နယ်နှင့် ဆိုင်းတောင်ကျေးရွာ၊ ဖားကန့်မြို့နယ်တို့တွင် ပြင်ပဆေးကုဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့ပါသည်။

  ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အမှတ်(၃) မဲဆန္ဒနယ်မှ အမျိုးသားကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ချပ်ကြီးကျေးရွာ၊ ဆီတွဲမီးလောင်မှုတွင် လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မီးလောင်ဒဏ်ရာရ လူနာများအား ခုတင်(၁၀၀) ပြည်သူ့ဆေးရုံသို့ အချိန်မှီရောက်ရှိအောင် ပို့ဆောင်ပေးပြီး လူနာများအတွက် ဆေးဝါးထောက်ပံ့အလှူခံပေးခြင်းတို့ ပြုလုပ်ခဲ့ပါသည်။ ကန့်ဘလူမြို့နယ်၊ ရေဘေးသင့်ဒေသများသို့လည်း ကိုယ်တိုင်သွားရောက်၍ ကူညီထောက်ပံ့ရေး ပစ္စည်းများအား လှူဒါန်းခဲ့ပါသည်။