|
အမည် |
ဦးအုန်းခင် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၆/ပလန(နိုင်)၀၀၂၀၂၀ |
|
မွေးသက္ကရာဇ်/အသက် |
၂၀-၂-၁၉၅၇/(၅၈)နှစ် |
|
မွေးဖွားရာဇာတိ |
အမှတ်(၃) ရပ်ကွက်၊ပုလောမြို့ |
|
ပညာအရည်အချင်း |
တတိယနှစ် (ဘူမိဗေဒ) |
|
လက်ရှိအလုပ်အကိုင် |
ရေခဲစက်လုပ်ငန်း |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးထွေး၊ BJ - ၀၀၂၆၅၈၊စက်ပြင်၊ တွင်ခုံ |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ရှု၊ BJ - ၀၀၂၆၅၉၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်မြမြစန်း၊ ၆/ပလန(နိုင်)၀၀၆၆၆၁ |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မရွှေရည်ဝင်း၊ (၉)တန်း |
|
အမြဲတမ်းနေရပ်လိပ်စာ |
မြသီတာလမ်း၊ အမှတ်(၃)ရပ်ကွက်၊ ပုလောမြို့ တနင်္သာရီတိုင်းဒေသကြီး |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ်အလုပ်အမှုဆောင် |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပုလောမြို့နယ် (ဒုတိယအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
သူငယ်တန်းမှ စတုတ္ထတန်းအထိ အ.မ.က (၃) ပုလောမြို့တွင်လည်းကောင်း၊ ပဉ္စမတန်းမှ ဆဋ္ဌမတန်းအထိ အ.ထ.က ပုလောမြို့တွင် လည်းကောင်း၊ သတ္တမတန်းမှ ဒသမတန်းအထိ အ.ထ.က(ရွှေနတ်တောင်)၊ မော်လမြိုင်မြို့တို့တွင်လည်းကောင်း သင်ကြားခဲ့သည်။ ပထမနှစ်မှ ဒုတိယနှစ်အထိ မွန်ပြည်နယ်ဒေသကောလိပ်၊ မော်လမြိုင်မြို့၊လုပ်ငန်းခွင်သင်တန်း၊ ကပရ၊ မော်လမြိုင်ဌာနခွဲနှင့် တတိယနှစ် ဘူမိဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်တို့တွင် ဆက်လက်ပညာသင်ယူခဲ့သည်။ ၁၉၈၃ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ သတ္တုတွင်းဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှ ယနေ့အထိ ကိုယ်ပိုင် ရေခဲစက်၊ စက်ပြင်လုပ်ငန်းကို လုပ်ကိုင်ခဲ့ပါသည်။ ၁၉၈၉ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ရပ်/ကျေး စည်းရုံးရေးအဖွဲ့၊ အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ၁၉၉၄ မှ ယနေ့အထိ မြို့နယ်အလုပ် အမှုဆောင်အဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့သည်။ ၂၀၀၃ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ (၁)နှစ် စည်ပင်ဥပဒေအရ ရေခဲစက်လိုင်စင်သက်တမ်းမတိုးဘဲ လည်ပတ်မှုဖြင့် ပြစ်ဒဏ်ပေးခြင်းခံခဲ့ရသည်။ |
