ဦးအောင်ဝင်း( မှော်ဘီမဲဆန္ဒနယ်)

အမည်

ဦးအောင်ဝင်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/မဘန(နိုင်)၀၃၈၂၈၃

မွေးသက္ကရာဇ်/အသက်

၁၂ - ၂ - ၁၉၄၆/(၆၉)နှစ်

မွေးဖွားရာဇာတိ

မန္တလေးမြို့

ပညာအရည်အချင်း

B. Sc (D.S.A )

လက်ရှိအလုပ်အကိုင်

ဒါရိုက်တာ၊ ရွှေရာသီကုမ္ပဏီ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးကြည်၊ AE – 240246၊ မန်နေဂျာ(မြန်မာ့သစ်လုပ်ငန်း)(ကွယ်လွန် )

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကြည်ကြည်မြင့်၊ AE – 240248၊ မှီခို (ကွယ်လွန် )

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်မျိုးရီ -၁၂/မဘန(နိုင်)၀၁၈၂၃၉၊မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ဦးကျော်မျိုးအောင်၊ ၁၂/ မဘန(နိုင်)၀၁၅၈၉၊ အင်ဂျင်နီယာ

(၂) ဦးပိုင်စိုးအောင်၊ ၁၂ /မဘန( နိုင် )၀၈၀၉၅၃၊ သင်္ဘော ကပ္ပတိန် ၊

(၃) ဒေါ်သဇင်အောင်၊ SG – 076698z၊ Nursing Manager (စင်္ကာပူနိုင်ငံသား)

(၄) ဦးစိုးမိုးအောင်၊ ၁၂ / မဘန (နိုင်) ၁၀၆၆၁၁၊ ဒါရိုက်တာ (ရုပ်ရှင်အနုပညာ)

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်-(၂ /၂) ၊ မြကန်သာလမ်း၊ (၂) ရပ်ကွက်မှော်ဘီမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (N.L.D)

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မှော်ဘီမြို့နယ်(ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

မူလတန်း-စိန့်ဇေးဗီးယား အထက်တန်းကျောင်း(မန္တလေး)၊ အလယ်တန်း၊ အထက်တန်း- ဒေါ်သက်ရင်အလွတ် ပညာသင် ကျောင်း(မန္တလေး)တို့တွင် အခြေခံ ပညာသင်ယူခဲ့သည်။ ၁၉၆၃ မှ ၁၉၆၇ ထိ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် (၉) မေမြို့တွင် တက်ရောက်ခဲ့ပြီး B.Sc (D.S.A) ဘွဲ့ရရှိခဲ့သည်။
၁၉၆၇ မှ ၁၉၇၀ ထိ ခလရ(၈၆)၊ ၁၉၇၀ မှ ၁၉၇၅ ထိ ခလရ(၁၆)၊ ၁၉၇၅ မှ ၁၉၇၈ ထိ ခလရ(၃၄)၊ ၁၉၇၈ မှ ၁၉၈၀ ထိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း၊ ၁၉၈၀ မှ ၁၉၈၅ ထိ လမရ(၁၀၂) (မုတ္တမ)၊ ၁၉၈၅ မှ ၁၉၈၈ ထိ ပျား မွေးမြူရေးဌာနတို့တွင် အသီးသီးတာဝန်ထမ်းဆောင်ခဲ့သည်။
ကျောင်းသားဘဝတွင် ကင်းထောက်လူငယ်တာဝန်၊ ၁၉၉၀ ခုနှစ်မှ ယနေ့ အချိန်ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
ပုဒ်မ ၁၀(က) ဖြင့် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလမှ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလထိ ထိန်းသိမ်းခံရပါသည်။ ၂၀၀၃ ခုနှစ်တွင် ပုဒ်မ ၄၀၆ အရ ထောင်ဒဏ် (၆)လ ကျခံခဲ့ရပါသည်။