ဦးဉာဏ်လင်း(ရွှေပြည်သာမဲဆန္ဒနယ်)

အမည်

ဦးဉာဏ်လင်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/အစန(နိုင်)၀၀၆၅၃၇(HGU-၀၉၂၃၂၀)

မွေးသက္ကရာဇ်/အသက်

၃၀-၁၂-၁၉၅၂/(၆၃ နှစ်)

မွေးဖွားရာဇာတိ

သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အလယ်ကုန်းကျေးရွာ

ပညာအရည်အချင်း

ဥပဒေဘွဲ့(LL.B)

လက်ရှိအလုပ်အကိုင်

တရားလွှတ်တော်ရှေ့နေ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးမောင်တင်(HGU-၀၉၂၃၁၈)၊ စစ်မှုထမ်း/ငြိမ်း၊(ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သန်း၊ ၁၂/သဃက(နိုင်)၀၀၅၉၅၅၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ရီရီမြင့်၊ ၁၂/အစန(နိုင်)၀၀၆၇၈၅၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁)မနွယ်နီဦး၊ ၁၂/အစန(နိုင်)၁၃၉၈၃၉၊ မူလတန်းပြဆရာမ

(၂)မောင်အောင်ပြည့်ဖြိုး၊ ၁၂/ရပသ(နိုင်) ၀၃၄၀၁၇၊ ကုမ္ပဏီဝန်ထမ်း

(၃)မပန်းအိဖြူ၊ ၁၂/ရပသ(နိုင်)၀၃၈၉၁၇၊ ကုမ္ပဏီဝန်ထမ်း

(၄)မောင်အောင်ကျော်ကျော်၊ ၁၂/ရပသ(နိုင်) ၀၄၀၃၄၁၊ ပြည်ပလုပ်သား

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၆၆)၊ နဝရတ်လမ်း၊ (၇)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှူးနှင့် မြို့နယ်ဥပဒေရေးရာအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ရွှေပြည်သာမြို့နယ်(ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို အ.မ.က(အင်းတိုင်/စီအိုဒီ)၊ အ.ထ.က (အင်းတကော်) တို့တွင် သင်ယူခဲ့သည်။ စာပေးစာယူ တက္ကသိုလ်(ရန်ကုန်)တွင် ပညာဆက်လက် သင်ကြားခဲ့ပြီး ဥပဒေဘွဲ့(LL.B)ရရှိခဲ့သည်။
ဗိုလ်ကြီးအဆင့်ဖြင့် ခလရ(၉၁)၊ သနက(၅)၊ ခမရ(၃၀၅)၊ ခလရ(၂၆၄) တပ်ရင်းများတွင် လုံခြုံရေးနှင့် စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၁၉၉၄/၉၅ ခုနှစ်တွင် တပ်မတော်မှ ဗိုလ်ကြီးအဆင့်/တပ်ခွဲမှူးတာဝန် ထမ်းဆောင် ရာ မှ အငြိမ်းစားယူခဲ့သည်။ ရန်ကုန်တိုင်း(တိုင်းနှင့်ပြည်နယ်)၊ ရန်ကုန်တိုင်းစစ်ဌာန ချုပ်၊ တပ်မတော်(ကြည်း)လက်ရွေးစင် များအဖြစ် ဘောလုံးကစားခဲ့သည်။ တရုတ် တပ်မတော် အသင်းနှင့် မန္တလေးမြို့ ဗထူးကွင်းတွင် ယှဉ်ပြိုင်ကစားစဉ်က တပ်မတော်ဘောလုံးအသင်းခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၈ ခုနှစ်မတိုင်မီ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ် မြစိမ်းရောင် စစ်ဆင်ရေး၊ ရွှေဝါရောင်စစ်ဆင်ရေးများတွင် ပါဝင်၍ တောင်သူလယ်သမားအကျိုးပြုနိုင်ငံရေးနှင့် စီးပွား ရေးလုပ်ငန်းများကို ထမ်းဆောင်ခဲ့သည်။ တပ်မတော်မှ အငြိမ်းစားယူပြီးနောက် ရွှေပြည်သာမြို့နယ်တွင် ၁၉၉၅ မှ ၂၀၁၀ ခုနှစ်ခန့်အထိ မြို့နယ်အတွင်းရှိ လူငယ်များအား ဘောလုံးနည်းပြအဖြစ် စည်းကမ်း၊ စိတ်ဓာတ်နှင့် ကျန်းမာ ရေးကောင်းမွန်စေရန် လေ့ကျင့်ဆောင်ရွက် ပေးခဲ့သည်။

၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်းသင့်ဒေသ သဲကျင်း၊ ခမောက် မှော်၊ ဟိုင်းကြီးကျွန်းစသည့် မုန်တိုင်းသင့်ဒေသများသို့ NLD ပါတီဝင်များနှင့်အတူ လှူဖွယ်ပစ္စည်းများနှင့် သွားရောက် ကူညီစောင့်ရှောက်ပေးခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ရေဘေးသင့် ဒေသများသို့ NLD ပါတီဝင်များနှင့်အတူ လှူဖွယ်ပစ္စည်းများနှင့် သွားရောက်၍ ကူညီစောင့်ရှောက်ပေးခဲ့သည်။