ဦးသိန်းတန်(လှည်းကူး မဲဆန္ဒနယ်)

အမည်

ဦးသိန်းတန်

အခြားအမည်

ကလောင်အမည် ဟိဏ်းဟိဏ်း

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၀/မဒန(နိုင်)၀၁၉၉၂၆

မွေးသက္ကရာဇ်/အသက်

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်/(၆၇)နှစ်

မွေးဖွားရာဇာတိ

လှည်းကူးမြို့

ပညာအရည်အချင်း

ဝိဇ္ဇာဘွဲ့(ဒဿနိက) ရန်ကုန်တက္ကသိုလ်(၁၉၇၂)

လက်ရှိအလုပ်အကိုင်

သ/မကောလိပ် ( အငြိမ်းစား ) ၊ ဥက္ကဋ္ဌ ငွေမိုး MF –Coop

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဉာဏ် / HGU - ၀၆၄၃၈၇(ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မြလေး ( ကွယ်လွန် )HGU - ၀၆၄၃၈၈

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စန်းမြ၊ ၁၀/မဒန(နိုင်)၀၂၃၀၃၇၊အမှုဆောင် ငွေမိုး MF - Coop

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်ဖြိုးမင်းသိန်း ၊ ၁၂ / လကန (နိုင်)၁၉၆၉၇၉၊ မှီခို

(၂) မစုသီရိမွန် ၊ ၁၂/လကန(နိုင်)၂၂၄၈၃၈၊အမှုဆောင် ငွေမိုး MF – Coop

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(အ/၂၅၃)၊တံတားထိပ်၊ အောင်မင်္ဂလာရပ်ကွက်၊ လှည်းကူးမြို့နယ်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (N.L.D)

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ လှည်းကူးမြို့နယ်(ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အ.မ.က(ပြည်တော်သာ)တွင် မူလတန်းမှ စတုတ္ထတန်းထိ၊ အ.ထ.က(၁) (လှည်းကူး) တွင် ပဉ္စမတန်းမှ ဒသမတန်းထိ ပညာသင်ကြားခဲ့သည်။ ရန်ကုန် ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်တွင် ပထမနှစ် (ဒဿနိက)မှ နောက်ဆုံးနှစ်(ဒဿနိက)ထိပညာ ဆက်လက် သင်ယူခဲ့သည်။
၁၉၇၃ မှ ၁၉၈၀ ထိ (ပ)အသင်းစုမှူး မြို့နယ်သ/မဦးစီးဌာန လှည်းကူး မြို့နယ်၊ ၁၉၈၀ မှ ၁၉၈၅ ထိ ဌာနစုဦးစီး မြို့နယ် သ/မဦးစီးဌာန ဖာပွန်မြို့နယ် ကရင် ပြည်နယ်၊ ၁၉၈၅ မှ ၁၉၈၈ ထိ ဌာနစုဦးစီး မြို့နယ်သ/မဦးစီးဌာန သံဖြူဇရပ်မြို့နယ် မွန်ပြည်နယ်၊ ၁၉၈၈ မှ ၁၉၉၃ ထိ ဦးစီးမှူး မြို့နယ်သ/မ ဦးစီးဌာန မုဒုံမြို့နယ် မွန် ပြည်နယ်၊ ၁၉၉၃ မှ ၁၉၉၈ ထိ ဦးစီးမှူး မြို့နယ်သ/မဦးစီးဌာန လှည်းကူးမြို့နယ်၊ ၁၉၉၈ မှ ၂၀၀၃ ထိ အကြီးတန်းနည်းပြ ဖောင်ကြီး သ/မကောလိပ် လှည်းကူး မြို့နယ် စသည်ဖြင့် ရာထူးအသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ သည်။ ၂၀၀၃ ခုနှစ်တွင် အငြိမ်းစားယူပြီးနောက် ယနေ့အထိ ဥက္ကဋ္ဌ ငွေမိုး MF-Coop လှည်းကူးမြို့နယ် အဖြစ် ဆောင်ရွက် လျက်ရှိသည်။
၁၉၆၈ မှ ၁၉၆၉-၇၂ ထိ ဥက္ကဋ္ဌ လှည်းကူးမြို့နယ် ကောလိပ်၊သိပ္ပံ ပညာသင် မိသားစု(လှည်းကူးမြို့နယ် ကျောင်းသားကျောင်းသူ များ ပညာရေး အထောက်အကူ ပြုအဖွဲ့)၊ ၁၉၆၉ ခုနှစ် ကော်မတီဝင် အဆောင်သာယာရေးကော်မတီ၊ စစ်ကိုင်းဆောင်၊ ရန်ကုန်တက္ကသိုလ်၊ ၁၉၉၇ မှ ၂၀၁၄ ထိ ဦးဆောင်လှုပ်ရှားသူ အသက်(၆၀)နှစ် အထက်လှည်းကူး အ.ထ.က အငြိမ်းစား ဆရာ/ဆရာမကြီးများအား မြတ်ဆရာ ပူဇော်ပွဲကျင်းပရေးကော်မတီ၊ ၂၀၁၂ ခုနှစ် ဦးဆောင်ထုတ်ဝေသူ လှည်းကူး အ.ထ.က (၁၉၃၇-၂၀၁၂)စိန်ရတုမဂ္ဂဇင်း၊ ၂၀၁၂ ခုနှစ် သဘာပတိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လှည်းကူးမြို့နယ်၊ မြို့နယ် ညီလာခံကျင်းပရေး၊ ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း၏ ငွေစာရင်းတာဝန်ခံနှင့် စစ်ဆေးရေး၊ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၄ ခုနှစ်မှ ယနေ့အထိ ဒုတိယ ဥက္ကဋ္ဌ လှည်းကူးမြို့နယ် စာရေး ဆရာများအသင်း၊ စာရင်းစစ်၊ လှည်းကူးမြို့နယ်အသင်း၊ ၂၀၁၅ ခုနှစ် ဘဏ္ဍာရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လှည်းကူးမြို့နယ်စသည့် တာဝန်အသီးသီးဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည်။
၁၉၆၉ ပဉ္စမအကြိမ် အရှေ့တောင်အာရှ ကျွန်းဆွယ်ပွဲ ကျောင်း သား အရေးအခင်းတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်  အဆောက်အဦတွင် ဂျူဒို ပြိုင်ပွဲ ကျင်းပခြင်းကို မကျေနပ်၍ လည်းကောင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အမည်ခံ အုပ်ချုပ်ရေးကို အာဏာရှင်စနစ်ဟု ထင်မြင်ယူဆလာ၍ လည်းကောင်း၊ ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေရှိ လက်ဝှေ့ပွဲ ကိစ္စ အဓိကရုဏ်းကို ခုထုံးလုပ်၍ ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် အကြီးမားဆုံးကျောင်းသားသပိတ်ကို စစ်ကိုင်းဆောင်မှ စတင်၍ ပေါ်ပေါက်လာအောင် လှုံ့ဆော်စည်းရုံး ဦးဆောင်လုပ်ကိုင် ခဲ့သဖြင့် လက်ရှိပညာသင်နှစ် ၁၉၆၉ မှ ၁၉၇၁ ခုနှစ်အထိ ကျောင်းထုတ်ခံခဲ့ရသည့် ပြစ်ဒဏ် ခံခဲ့ရသည်။ တစ်နှစ်ကျော် ရှောင်တိမ်းနေထိုင်သဖြင့် အစိုးရ၏ ဖမ်းဆီးခြင်းကို မခံရပါ။
၁၉၇၄ ခုနှစ် ဒီဇင်ဘာ ဦးသန့်အရေးအခင်းတွင် ဝန်းရံပြည်သူ အနေဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်တွဲဘက်ထောင်တွင် ရက်ပေါင်း(၂၅) ရက်၊ မင်္ဂလာဒုံ ရေကြည်အိုင်တွင် ရက်ပေါင်း(၃၀) စုစုပေါင်း (၅၅) ရက် ပြစ်ဒဏ်ကျခံခဲ့ရသည်။