ဦးရွှေလှ(သင်္ဃန်းကျွန်းမဲဆန္ဒနယ်)

အမည်

ဦးရွှေလှ

အခြားအမည်

ဦးရွှေလှဝင်း

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/သဃက(နိုင်)၁၁၆၃၀၄

မွေးသက္ကရာဇ်/အသက်

၂၂-၁-၁၉၄၉/(၆၆)နှစ်

မွေးဖွားရာဇာတိ

ဝေါမြို့

ပညာအရည်အချင်း

စီးပွားရေးပညာဘွဲ့ [B.Econ( C.S )]

လက်ရှိအလုပ်အကိုင်

ကျူရှင်ဆရာ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးအေးမောင်၊ ကွယ်လွန်( ၁၉၈၆ ခုနှစ်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စောအုံ၊ ကွယ်လွန်( ၁၉၇၇ ခုနှစ်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နော်ရင်သိန်း၊ ၁၂/သဃက(နိုင်)၁၀၃၀၃၁၊ အလယ်တန်းပြ(ငြိမ်း)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ကိုကျော်စွာဦး ၊ ၁၂ / သဃက(နိုင်) ၁၄၅၅၄၃၊ ဆရာဝန်

(၂) မပြည့်ဖြိုးဝေ ၊ ၁၂ / သဃက(နိုင်)၁၄၅၅၄၆၊ ကုန်သည်

(၃) မောင်ထက်မင်းသူ၊ ၁၂ / သဃက(နိုင်) ၁၆၅၄၃၇၊ ဘဏ်ဝန်ထမ်း

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၁)၊ သီရိဂေဟာလမ်း၊ ဇဝနရပ်ကွက်၊ သင်္ဃန်းကျွန်း

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ သင်္ဃန်းကျွန်းမြို့နယ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ သင်္ဃန်းကျွန်းမြို့နယ်(ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

 

မူလတန်းပညာကို အ.မ.က အင်းတိုင်စုကျေးရွာ၊ ဝေါမြို့နယ်၊ အလယ်တန်းနှင့် အထက်တန်းပညာကို အ.ထ.က ဝေါမြို့နယ် တို့တွင် သင်ယူခဲ့သည်။ စီးပွားရေး တက္ကသိုလ်၊ ရန်ကုန်တွင် ပညာဆက်လက်သင်ယူခဲ့ပြီး စီးပွားရေးပညာဘွဲ့ [B.Econ (C.S)] ကို ရရှိခဲ့ပါသည်။ရန်ကုန်မြို့ ဗဟိုစာရင်းရုံးတွင် စာရင်းစစ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၇၄ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း (ဦးသန့်)၏ ရုပ်ကလာပ် ကို တက္ကသိုလ်ဝင်းအတွင်းသို့ သယ်ဆောင်ရာတွင် စီးပွားရေး တက္ကသိုလ် ကျောင်းသားခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သည်။ ဦးသန့်ဈာပန ကျင်းပရေး တက္ကသိုလ်ပေါင်းစုံဗဟိုကော်မတီတွင် အလုပ်အမှုဆောင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၈၈ ခုနှစ် (ရှစ်လေးလုံး) အရေးအခင်းကာလအတွင်း သင်္ဃန်းကျွန်း အ.ထ.က(၁)တွင် စခန်းချသော သင်္ဃန်းကျွန်းမြို့နယ် သပိတ်စခန်း(နာယက)အဖြစ် ဆောင်ရွက်ခဲ့သည်။ အရေးအခင်း ကာလအတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ သမိုင်းဝင်ရွှေတိဂုံ လူထုဟောပြောပွဲသို့ သင်္ဃန်းကျွန်းလူထုကို ဦးဆောင် ချီတက်ခဲ့သည်။ (၈)လေးလုံအရေးတော်ပုံကာလ အတွင်း အုပ်ချုပ်ရေးပျက်ပြားနေစဉ် သင်္ဃန်းကျွန်း မြို့နယ် ကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းသော ရဟန်းသံဃာ၊ မြို့မိမြို့ဖ၊ တက္ကသိုလ်ကျောင်းသားများ စုပေါင်း ပါဝင်သည့် မြို့နယ် ကွပ်ကဲရေးအဖွဲ့တွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ သင်္ဃန်း ကျွန်းမြို့နယ် ဥက္ကဋ္ဌအဖြစ် ၂၀၁၂ ခုနှစ်မှ ယခုထိဆောင်ရွက် နေသည်။ တက္ကသိုလ်တက်နေစဉ် ဝေါမြို့နယ် တက္ကသိုလ် ကျောင်းသားများအသင်းအတွင်းရေးမှူးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ဝေါမြို့ အစိုးရအထက်တန်းကျောင်း ကျောင်းသားဟောင်းများ၏ ဆရာကန်တော့ပွဲကို ဦးဆောင်ပြု လုပ်ခဲ့သည်မှာ (၁၇)ကြိမ် မြောက်ရှိပြီဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေစဉ် မြို့နယ်တွင်းရှိ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ ရပ်ကွက်များကို ခြင်ဆေးဖျန်းခြင်းများ၊ မြက်ရိတ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန် ရပ်ကွက် အ.မ.က (၁၈) ခြံဝင်းအတွင်းရှိ အရှည် ၃၂၀ ပေ၊ အကျယ် ၅၀ ပေ၊ အနက် ၈ ပေရှိ ရေဆိုးမြောင်း ကြီးကို ဦးဆောင်၍ မြေဖို့ခဲ့သည်။ နွေရာသီ ရေရှားပါးစဉ် ဒလမြို့သို့ နှစ်စဉ်နီးပါး ရေလှူဒါန်းခြင်းများကို ဦးဆောင်ပြုလုပ်ခဲ့သည်။ ယခုနှစ် ရေဘေးဒဏ်ခံရသူများသို့ အစားအစာ၊ အဝတ်အထည်၊ ပစ္စည်းအမျိုးမျိုး လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ ဆက်လက် လှူဒါန်းနိုင်ရန် ဆောင်ရွက်နေသည်။