|
အမည် |
ဦးတိုးဝင်း |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/တမန(နိုင်)၀၆၈၁၇၁ |
|
မွေးသက္ကရာဇ်/အသက် |
၂၁-၁၁-၁၉၆၄/(၅၄)နှစ် |
|
မွေးဖွားရာဇာတိ |
ရန်ကုန် |
|
ပညာအရည်အချင်း |
B.A(Geography) |
|
လက်ရှိအလုပ်အကိုင် |
အထွေထွေမန်နေဂျာ(GM)Libra Co.,Ltd |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးကျော်ထင် (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်အုန်းမြ (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်မေချစ်၊ ၁၁/တကန(နိုင်)၀၄၆၁၇၃၊ ဆရာမ(ပြင်ပသင်) |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မအင်ကြင်းခိုင်၊ ၁၂/တမန(နိုင်)၁၂၄၁၂၄ (၂) မောင်ဝေယံဖြိုး၊ ၁၂/တမန(နိုင်)၁၂၉၈၅၃ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၁၀၄)၊ ကျောင်းလမ်း၊ မာန်အောင်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တာမွေမြို့နယ်၊ တွဲဖက်အတွင်းရေးမှူး |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တာမွေမြို့နယ် (ဒုတိယအကြိမ် - ၂၀၁၈ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့ထိ) |
အခြေခံပညာကို တာမွေမြို့နယ် အမက(၂၇)နှင့် အထက (၃)တို့တွင် သင်ယူခဲ့ပြီး ရန်ကုန်တက္ကသိုလ်၊ ကြည့်မြင်တိုင် နယ်မြေ နှင့် ရန်ကုန် တက္ကသိုလ်(ပင်မ)တို့မှ B.A(Geography) ဘွဲ့ရရှိခဲ့သည်။ ငါးမွေးမြူ ရေးနှင့် စပါးစိုက်ပျိုးရေးတွင် ဈေးကွက်နှင့်အရောင်းမန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးမှ စတင်ကာ နိုင်ငံရေး လောကသို့ ဝင်ရောက်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်သည့် စက်တင်ဘာလမှစတင်ကာ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။ ၁၉၈၉ ခုနှစ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၊ တာမွေမြို့နယ် ရုံးခန်းပေါ်ပေါက်ရေးအတွက် ဦးဆောင်ခဲ့သည့်အပြင် လူငယ် လုပ်ငန်းအဖွဲ့ ပေါ်ပေါက် ရေးကိုလည်း ဦးဆောင် စည်းရုံးဖွဲ့ စည်းခဲ့သည်။ (လူငယ်)လုပ်ငန်းအဖွဲ့၏ တာဝန်ခံ(တစ်)အဖြစ် လည်း ကောင်း၊ ပထမအကြိမ် တာမွေမြို့နယ် (အဖွဲ့ချုပ်)ညီလာခံ တွင် မြို့နယ်တွဲဖက် အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ မြို့နယ်စု (နှစ်) ၏ လူငယ် တာဝန်ခံ(တစ်)အဖြစ် တိုးမြှင့်၍ လည်းကောင်း၊ နှစ်ကုန်ပိုင်းတွင် အဖွဲ့ချုပ်(ရန်ကုန်တိုင်း) လူငယ် လုပ်ငန်းအဖွဲ့၏ တွဲဖက်စည်းရုံးရေးရာမှူးအဖြစ်လည်းကောင်း ရွေးချယ် တာဝန်ပေး အပ်ခံရသည်။ ၁၉၉၀ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် အဖွဲ့ချုပ် ရန်ကုန်တိုင်း (လူငယ်) တာဝန်ခံ(တစ်)အဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ်၊ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမအကြိမ် (လူငယ်) ညီလာခံတွင် တာမွေမြို့နယ် (လူငယ်) ညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၃ ခုနှစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (တာမွေမြို့နယ်) ပါတီညီလာခံတွင် မြို့နယ် အလုပ်အမှုဆောင် အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး ယခုအခါ မြို့နယ် တွဲဖက် အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင်လျက်ရှိပါသည်။ အဖြူရောင်သူငယ်ချင်းများ သွေးလှူရှင်အဖွဲ့၏ ဦးဆောင်သူ တစ်ဦး အဖြစ် လည်းကောင်း၊ မေတ္တာညွန့်ရပ်ကွက် စာကြည့်တိုက်နှင့် အသက်ကယ် အောက်ဆီဂျင် လှူဒါန်းခြင်းအဖွဲ့ ဖြစ်မြောက်ရေးနှင့် အမှုဆောင်တစ်ဦး အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၉၁ ခုနှစ်၊ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဆန္ဒပြပွဲများနှင့် ပတ်သက်၍ ထောင် (၁၀)နှစ် ချခံခဲ့ ရပါသည်။ ၂၀၀၃ ခုနှစ်၊ ဇွန်လတွင် ဒီပဲယင်းလုပ်ကြံမှု၌ ထိန်းသိမ်း ခံရသော အဖွဲ့ချုပ်ခေါင်းဆောင်များ နှင့်အဖွဲ့ဝင်များ လွတ်မြောက် ရေးနှင့် ဖြစ်ရပ်မှန်ပေါ်ပေါက်ရေး ကမ္ဘာ့နိုင်ငံများမှ သိရှိစေရန် ဆောင်ရွက် လှုပ်ရှား မှုများနှင့်ပတ်သက်၍ ရက်သတ္တပတ် တစ်ပါတ်မျှ (ဒုတိယအကြိမ်)ထပ်မံ ဖမ်းဆီးစစ်ဆေးခံခဲ့ရပါသည်။ တိုင်းပြုပြည်ပြုအနုပညာဖြစ်သော သင်္ကြန် သံချပ် အနုပညာဖြင့် “အပ္ပမာဒေန သမ္ပာဒေထ” မဟာ သင်္ကြန် အင်အားစု အဖွဲ့အား ဦးဆောင်၍ ပြည်သူလူထု၏ ခံစားချက်များကို နှစ်စဉ်ဖော်ပြ တင်ဆက်သော အနုပညာဖန်တီးသူ တစ်ဦးအဖြစ် ပြည်သူ့ကိုယ်စားပြု ဆောင်ရွက်လျက်ရှိ ပါသည်။ |
