ဒေါက်တာဝင်းအောင်(ခင်ဦး မဲဆန္ဒနယ်)

အမည်

ဒေါက်တာဝင်းအောင်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၅/ခဥန(နိုင်)၀၀၅၇၅၄

မွေးသက္ကရာဇ်/အသက်

၁၅-၁၀-၁၉၅၈/(၅၈)နှစ်

မွေးဖွားရာဇာတိ

ကိုးတောင်ဘို့ကျေးရွာ၊ ကန့်ဘလူမြို့နယ်

ပညာအရည်အချင်း

M.B.B.S

လက်ရှိအလုပ်အကိုင်

ကိုယ်ပိုင်ဆေးကုခန်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးခင်အောင်၊ ၅/ကဘလ(နိုင်)၀၇၀၆၁၁၊ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စက်တီ၊ ၅/ကဘလ(နိုင်)၀၇၀၆၁၂

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်သန်းနု၊ ၅/ခဥန(နိုင်)၀၀၅၇၅၆၊ ဇလပ်ဖြူစတိုးဆိုင်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မအိနန္ဒာအောင်၊ ၅/ခဥန(နိုင်)၀၇၆၉၁၀၊ B.Sc(Maths,Hons), LCCI level II (Merit), အမေ့အိမ်ပညာဒါနကျောင်းဆရာမ၊ မြို့နယ်ဘဏ္ဍာရေးမှူး၊ (NLD)

(၂) မသွဲ့နန္ဒာအောင်၊ ၅/ခဥန(နိုင်)၁၁၄၃၀၄၊ 3rd year (Law)

(၃) မောင်အောင်ဝင့်သူ

အမြဲတမ်းနေရပ်လိပ်စာ

အောင်ချမ်းသာရပ်ကွက်၊ ခင်ဦးမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ်ဥက္ကဋ္ဌ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ခင်ဦးမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

  အခြေခံပညာကို ၁၉၆၄ မှ ၁၉၆၉ ထိ ကိုးတောင်ဘို့ မူလတန်းကျောင်း၊ ၁၉၆၉ မှ ၁၉၇၃ ထိ ကောလင်း အလယ်တန်းကျောင်း၊ ၁၉၇၃ မှ ၁၉၇၅ ထိ ကောလင်း အထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့ပြီး တက္ကသိုလ်ပညာကို ၁၉၇၆ မှ ၁၉၈၂ ထိ မန္တလေး ဆေးတက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး M.B.B.S ဘွဲ့ရရှိခဲ့ပါသည်။

  ၁၉၈၄ ခုနှစ်တွင် ခင်ဦးမြို့နယ် သမဝါယမအသင်းမှ ဖွင့်လှစ်သော ဂွေးကုန်းရွာ သ/မဆေးခန်းတွင် တာဝန်ခံဆရာဝန်အဖြစ်လည်းကောင်း၊ ၁၉၈၅ မှ ၁၉၈၆ ထိ နမ့်စီးအောင်ကျေးရွာတွင် ကိုယ်ပိုင်ဆေးခန်း ဖွင့်လှစ်၍ လည်းကောင်း၊ ၁၉၈၆ မှ ၁၉၉၁ ထိ ခင်ဦးမြို့နယ် သ/မ ဆေးခန်းတွင် တာဝန်ခံဆရာဝန်အဖြစ်လည်းကောင်း၊ ၁၉၉၁ မှ ယနေ့အထိ ကိုယ်ပိုင်ဆေးခန်း ဖွင့်လှစ်ထားပါသည်။

  ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလတွင် အဖွဲ့ချုပ်စတင် တည်ထောင်ချိန်မှစ၍ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၁ ထိ ဘဏ္ဍာရေးမှူးတာဝန်နှင့် ၁၉၉၁ မှ စတင်၍ ယနေ့အထိ မြို့နယ်ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့ပါသည်။ ယခုအချိန်တွင် ဗဟိုကော်မတီဝင်နှင့် တိုင်းကျန်းမာရေး အဖွဲ့ဝင်အဖြစ် ဆောက်ရွက်လျက်ရှိပါသည်။ ၂၀၁၂ ခုနှစ်မှစတင်၍ အမေ့အိမ်ပညာဒါနကျောင်း စတင်တည်ထောင်ခဲ့ပါသည်။ ကျန်းမာရေးကွန်ယက်၊ စစ်ကိုင်းတိုင်းတာဝန်ခံ (စုမေတ္တာဆေးခန်း)၊ ရွှေဘိုငလျင်ဘေး၊ ၂၀၁၅ ခုနှစ်တွင် ရေကြီးနစ်မြုပ်ခြင်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

   ၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက် ဒီပဲယင်းအရေးအခင်းတွင် (၅)ည အချုပ်ဖြင့် ကလေးထောင်တွင်(၇)လခွဲ ထိန်းသိမ်းခံခဲ့ရပြီး ၂၀၀၄ ဇန်နဝါရီ (၁၆)ရက်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ၂၀၀၅ ခုနှစ်၊ ဇူလိုင်(၆)ရက်နေ့ ဖမ်းခံရပြီး ဇူလိုင်(၈) ရက်နေ့တွင် ရွှေဘိုအကျဉ်းထောင်တွင် ဦးနေဝင်းရှုပ်သမျှစာအုပ်မှုဖြင့် ပုံနှိပ်ဥပဒေပုဒ်မ ၂၀ ဖြင့် (၇)နှစ်၊ ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၀၃ ခုနှစ် မိုးကုတ်ခရီးစဉ် ဗီဒီယိုခွေမှုဖြင့် ၃၂(ခ) အရ ထောင်ဒဏ် (၃)နှစ် ပေါင်း(၁၀)နှစ် ကျခံခဲ့ရပြီး ထောင်ထဲရောက်ပြီး(၁၀)လအကြာ ၂၀၀၆ ခုနှစ်၊ မေလ(၁၀)ရက်နေ့တွင် နိုင်ငံရေးဥပဒေပုဒ်မ ၅(ည)ဖြင့် (၇)နှစ် ထပ်တိုးချမှတ်ခံခဲ့ရသည်။ စုစုပေါင်း (၁၇) နှစ် ကျခံခဲ့ရပြီး ထောင်ထဲရောက်ပြီး (၆)နှစ် (၇)လ အကြာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ (၁၃)ရက်နေ့တွင် နိုင်ငံတော်လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပါသည်။