ဦးကျော်စွာခိုင်(ဥတ္တရသီရိ မဲဆန္ဒနယ်၀

အမည်

ဦးကျော်စွာခိုင်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၉/မထလ(နိုင်) ၀၉၁၀၀၂

မွေးသက္ကရာဇ်/အသက်

၂၈-၂-၁၉၄၈/(၆၃) နှစ်

မွေးဖွားရာဇာတိ

ရန်ကုန်

ပညာအရည်အချင်း

B.E (Mechanical),M.A(Defence Studies)

လက်ရှိအလုပ်အကိုင်

ဒုတိယဝန်ကြီး၊ အမှတ် (၂) စက်မှုဝန်ကြီးဌာန

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးအုန်းခိုင် (ကွယ်လွန်) စီအက်ဖ်-၁၀၇၁၄၅၊ နိုင်ငံခြားရေးဝန်ထမ်း (အငြိမ်းစား)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ဖြူ (ကွယ်လွန်) စီအက်ဖ်-၁၀၇၁၄၇၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်ဖြူမာ၊ ၉/မထလ(နိုင်) ၀၉၁၀၀၃၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မခင်စံပယ်ခိုင်၊ ၁၂/တမန(နိုင်) ၀၁၃၅၉၈၊ ကျောင်းသူ

(၂) မောင်သန့်ဇင်၊ ၉/အမရ(နိုင်) ၁၀၂၉၄၂၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၉၂)၊ ရိပ်သာ (၅) လမ်း၊ ဝေဇယန္တာ၊ သင်္ဃန်းကျွန်း၊ ရန်ကုန်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဥတ္တရသီရိမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

စိန့်ဖိလစ် အလယ်တန်းကျောင်း၊ ဆေးကရက်ဟတ် အထက်တန်းကျောင်း၊ ဒေါ်နုနုခင်စံပြအလွတ် ပညာသင် ကျောင်းနှင့် ရန်ကုန်စက်မှုတက္ကသိုလ်တို့တွင် ပညာသင်ကြား ခဲ့သည်။ တပ်မတော် ဗိုလ်သင်တန်းကျောင်း၊ စစ်ဦးစီး တက္ကသိုလ်နှင့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၌လည်း ပညာ ဆည်းပူးခဲ့သည်။

လျှပ်စစ်ဓါတ်အား ကော်ပိုရေးရှင်းတွင် လက်ထောက် အင်ဂျင်နီယာအဖြစ် အမှုထမ်းခဲ့ပြီး ဗိုလ်သင်တန်းသို့ တက်ရောက်ခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာတပ်ဖွဲ့၌ ဒုတိယဗိုလ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ တပ်ရင်းတပ်ဖွဲ့အသီးသီးတွင် ရာထူး အဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၀၄ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ကာကွယ်ရေးပစ္စည်းထု တ်လုပ်ရေးအရာရှိချုပ်ရုံးတွင် ဌာနမှူးကြီး ဗိုလ်မှူးချုပ်အဖြစ် ထမ်းဆောင်ခဲ့သည်။ ၂၀၀၆ ခုနှစ် ကာကွယ်ရေး ဝန်ကြီးဌာန ကာကွယ်ရေး ပစ္စည်းထုတ်လုပ်မှု တပ်ဖွဲ့၌ ဒုတိယကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ဗိုလ်ချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၂၀၀၇ ခုနှစ် အောက်တိုဘာလမှ အမှတ် (၂) စက်မှုဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့ သည်။

နိုင်ငံတော်မှ ချီးမြှင့်သော ဘွဲ့ထူး၊ ဂုဏ်ထူးပေါင်း (၁၈) ခုရရှိခဲ့သည်။ ၎င်းတို့တွင် မိုင်းယန်း-မဲသဝေါ တိုက်ပွဲဝင်တံဆိပ်၊ တပ်မတော် ဂုဏ်ဆောင်အမှုထမ်းတံဆိပ် (ဒုတိယအဆင့်)၊ စစ်ပွဲတံဆိပ်၊ နိုင်ငံအကျိုးဆောင်တံဆိပ်၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်သင်တန်းတံဆိပ်၊ မြန်မာနိုင်ငံ (စစ်မှုထမ်း) သင်္ဂဟတံဆိပ်နှင့် စီမံထူးချွန် (ပထမအဆင့်) တို့ပါဝင်သည်။