|
အမည် |
ဦးမောင်မောင် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၅/ထခန(နိုင်)၀၂၄၆၂၄ |
|
မွေးသက္ကရာဇ်/အသက် |
၁၇-၁၁-၁၉၆၆/(၄၉)နှစ် |
|
မွေးဖွားရာဇာတိ |
ကမ်းနီရွာ၊ ထီးချိုင့်မြို့နယ် |
|
ပညာအရည်အချင်း |
B.Sc(Hons:)Chemistry |
|
လက်ရှိအလုပ်အကိုင် |
ကုန်သည် |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးအောင်လှ၊ ၅/ထခန(နိုင်)၀၂၀၆၅၆၊ (ရဟန်းဝတ်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်သန်းညွန့်၊ ၅/ထခန(နိုင်)၀၂၀၆၅၇၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်အေးမြင့်မူ၊ ၉/မတရ(နိုင်)၀၄၄၅၅၉၊ ဈေးသည် |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မခိုင်သဇင်မောင်၊ ၅/ထခန(နိုင်)၀၈၄၆၀၀၊ ကျောင်းသူ၊ (ပထမနှစ် အင်္ဂလိပ်စာ) (၂) မရွှေရည်ဝင်း၊ ကျောင်းသူ(နဝမတန်း) (၃) မဝိုင်းပြည့်ပြည့်ဟန်၊ ကျောင်းသူ(စတုတ္ထတန်း) (၄) မောင်ဘုန်းအံ့မောင် |
|
အမြဲတမ်းနေရပ်လိပ်စာ |
ကမ်းနီကျေးရွာ၊ ထီးချိုင့်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ်အလုပ်အမှုဆောင် |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ထီးချိုင့်မြို့နယ် (ဒုတိယအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဉ်က အခြေခံပညာကို ၁၉၇၁ မှ ၁၉၈၀ ထိ အ-လ-က ကမ်းနီ၊ ၁၉၈၁ မှ ၁၉၈၃ ထိ အ-ထ-က(၁) ကသာတို့တွင် ပညာသင်ကြားခဲ့ပါသည်။ တက္ကသိုလ် ပညာရပ်ကို ၁၉၈၄ မှ ၁၉၈၆ ထိ ရွှေဘိုဒေသကောလိပ်၊ ၁၉၈၆ မှ ၁၉၉၂ ထိ မန္တလေးတက္ကသိုလ်တို့တွင် ဆက်လက်သင်ကြားခဲ့ပါသည်။ ကမ်းနီတွဲဖက် အ-ထ-က တွင် လုပ်အားပေးကျောင်းဆရာ ပညာရေးဌာနတွင် လုပ်ကိုင်ခဲ့ပြီး ယခုလက်ရှိ ကုန်သည် လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူ့ကျန်းမာရေးကော်မတီ ဥက္ကဋ္ဌ(ကမ်းနီ RHC)၊ မိဘဆရာအသင်း ကမ်းနီ အ-ထ-ကတွင် အကျိုးတော်ဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ |
