|
အမည် |
ဦးထွန်းဝေ |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၅/ဖပန(နိုင်)၀၃၉၄၀၇ |
|
မွေးသက္ကရာဇ်/အသက် |
၂- ၆- ၁၉၅၇/(၅၈)နှစ် |
|
မွေးဖွားရာဇာတိ |
မင်းယားရွာ၊ ဖောင်းပြင်မြို့နယ်၊ မော်လိုက်ခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး |
|
ပညာအရည်အချင်း |
B.A(Burmese) |
|
လက်ရှိအလုပ်အကိုင် |
ကျူရှင်ဆရာ၊ ဥယျာဉ်ခြံလုပ်ငန်း |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးလူမော်၊ ၅/ဖပန(နိုင်)၀၀၅၉၄၈၊ (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်သန်း၊ ၅/ဖပန(နိုင်)၀၀၅၉၄၉၊ (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်လှမြိုင်၊ ၅/ဖပန(နိုင်)၀၀၅၉၈၈၊ ပညာရေး(ငြိမ်း) |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မောင်ဇာနည်ထွန်း၊ ၅/ဖပန(နိုင်)၀၃၉၆၉၀၊ ကျူရှင်ဆရာ၊ ညောင်ပင်သာရပ်ကွက်၊ ကလေးမြို့ (၂ ) မခင်စန္ဒာထွန်း၊ ၅/ဖပန(နိုင်)၀၃၉၇၁၂၊ သားဖွားဆရာမ၊ ကျိုင်းတုံမြို့ (၃) မမေဇင်ငြိမ်း၊ ၅/ဖပန(နိုင်)၀၅၂၅၅၉ အ-လ-ပြ၊ မူလွန်-ကုန်းကြီးကျေးရွာ၊ ဖောင်းပြင်မြို့နယ် (၄) မအေးအေးခိုင်၊ ၅/ဖပန(နိုင်)၀၆၂၈၂၉၊ မူလတန်းပြ၊ အ-လ-က(ခွဲ) နောင်မနား ကျေးရွာ၊ ဖောင်းပြင်မြို့နယ် (၅) မချိုချိုထွန်း၊ ၅/ဖပန(နိုင်)၀၈၃၃၄၄၊ ကျောင်းသူ၊ တတိယနှစ်၊ စီးပွားရေးတက္ကသိုလ်၊ မုံရွာမြို့ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၄၀၆)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း(၂)၊ အင်ကြင်းမြိုင်ရပ်ကွက်၊ ဖောင်းပြင်မြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အတွင်းရေးမှူး မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဖောင်းပြင်မြို့နယ် (ဒုတိယအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို ၁၉၆၃ မှ ၁၉၇၁ ထိ သူငယ်တန်းမှ အဋ္ဌမတန်းထိ မင်းယားရွာ အ-လ-က၊ ၁၉၇၂ မှ ၁၉၇၄ ထိ နဝမတန်းမှ ဒသမတန်းထိ ဖောင်းပြင် အ-ထ-က တွင် ပညာသင်ကြားခဲ့ပါသည်။ ၁၉၈၄ မှ ၁၉၈၆ ထိ မုံရွာကောလိပ်၊ ၁၉၈၆ မှ ၁၉၈၈ ထိ မန္တလေး တက္ကသိုလ်တို့တွင် ပညာဆက်လက်သင်ကြားခဲ့ပါသည်။ ၁၉၇၄ မှ ၁၉၇၇ ထိ ကုန်သွယ်ရေးကော်ပိုရေးရှင်း အမှတ်(၁)တွင် ပ/ ငွေကိုင်စာရေး(ယာယီဝန်ထမ်း)၊ ၁၉၇၈ မှ ၁၉၈၀ ထိ မြို့နယ် သ/မ အသင်း၊ ဒု-စာရေး၊ ၁၉၈၀ မှ ၁၉၈၈ ထိ မူ/ပြ အ-မ-က ကောင်းမောင်းရွာ၊ အ-လ-က သရောင်းရွာ၊ အ-လ-က မင်းယားရွာ၊ ၁၉၈၉ မှ ၁၉၉၉ ထိ တွဲဖက်/အထက်တန်းပြ၊ သရောင်းရွာ အ-ထ-က (ခွဲ)၊ ၂၀၀၀ မှ ၂၀၀၄ ထိ တွဲဖက်/ အထက်တန်းပြ၊ ရေအောက်တောင်းရွာ အ-ထ-က(ခွဲ)၊ ၂၀၀၄ မှ ၂၀၁၅ ထိ ကိုယ်ပိုင်နည်းပြသင်တန်းဆရာ၊ ဖောင်းပြင်မြို့တို့တွင် လုပ်ကိုင်ခဲ့ပါသည်။ ၁၉၈၇ မှ ၁၉၉၁ ထိ မင်းယားရွာ ဒေသအရန်မီးသတ်တပ်ဖွဲ့ တပ်စုမှူး၊ မင်းယား စာကြည့်တိုက် “မင်းယား”စာကြည့်အသင်း ဥက္ကဋ္ဌ ၊ ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အောင်နိုင်ရေးအဖွဲ့၊ ၂၀၁၂ မှ ယနေ့အထိ ဖောင်းပြင်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် အတွင်းရေးမှူး၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့အဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ |
