ဦးနေဖူးဗဆွေ( ပန်းဘဲတန်းမဲဆန္ဒနယ်)

အမည်

ဦးနေဖူးဗဆွေ

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ထားဝယ်/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/စခန(နိုင်)၀၄၉၆၀၆

မွေးသက္ကရာဇ်/အသက်

၁၅-၁၁-၁၉၅၇/(၅၈)နှစ်

မွေးဖွားရာဇာတိ

ရန်ကုန်မြို့

ပညာအရည်အချင်း

B.E (Civil); DMA

လက်ရှိအလုပ်အကိုင်

အကြံပေးမြို့ပြအင်ဂျင်နီယာ၊အင်္ဂလိပ်ဘာသာစကားသင်တန်းပြဆရာ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဗဆွေ( အငြိမ်းစားဝန်ကြီးချုပ်)(ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နုနုဆွေ၊ ၁၂/စခန(နိုင်)၀၁၄၄၆၉၊မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စန္ဒာအေး၊ ၁၂/စခန(နိုင်)၀၁၃၀၀၅၊ BESTLAND Co.,LTD (ဒါရိုက်တာ)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) နေမျိုးကျော်(ခ)အောင်ချမ်းသာ၊၁၂/ စခန(နိုင်)၀၆၉၄၈၄၊ ကျောင်းသား

(၂) နေစန်းလင်း၊ ၁၂/စခန(နိုင်)၀၆၉၄၈၅၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၁၂၈)၊ (၃)လွှာ၊ စမ်းချောင်းလမ်း၊ ရှင်စောပုရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ စမ်းချောင်းမြို့နယ် ဥက္ကဋ္ဌ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပန်းဘဲတန်းမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အမှတ်(၃)အထက်တန်းကျောင်း(မေမြို့)တွင်ဒုတိယတန်းအောင်ထိ၊ အမှတ်(၁) အထက်တန်းကျောင်း(လမ်းမတော်၊ ရန်ကုန်မြို့)တွင် တတိယတန်းမှ ဒသမတန်းအောင်အထိ အခြေခံပညာသင်ယူခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ရန်ကုန် စက်မှုတက္ကသိုလ်မှ B.E (Civil)၊ ၁၉၈၇ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ DMA ၊ ၂၀၁၃ခုနှစ်တွင် Centre for Strategic and International Studies မှ PGDPM တို့ကို ရရှိခဲ့ပါသည်။
၁၉၈၃ မှ ၁၉၈၄ ထိ လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း ( EPC) အလုံ၊ ၁၉၈၃ မှ ၁၉၈၈ ထိ ဆောက် လုပ်ရေးကော်ပိုရေးရှင်း(ရန်ကုန်)၊ ၁၉၉၂ မှ ၁၉၉၄ ထိ SPA( Myanmar)၊ ၁၉၉၄ ခုနှစ်တွင် KAPPA IN’L LTD၊ ၁၉၉၄ မှ ၁၉၉၅ ထိ Dragon Manufacturing Co.Ltd.စသည်ဖြင့် အသီးသီးတာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှ ယနေ့ထိ (မြို့ပြ အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာနှင့် အင်္ဂလိပ်ဘာသာစကား သင်တန်းပြ ဆရာအဖြစ်အသက်မွေးကျောင်းပြုလုပ်ကိုင်လျက်ရှိသည်။
၁၉၈၈ ခုနှစ် နောက်ပိုင်း ဖ-ဆ-ပ-လ အဖွဲ့ချုပ်တွင် အထွေထွေ အတွင်းရေးမှူး၊ နောက်ပိုင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၁၀ ခုနှစ်မတိုင်မီ ဒီမိုကရက်တစ်ပါတီ(မြန်မာ)တွင် ပြောရေးဆိုခွင့်ရှိသူ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါသည်။