ဦးဇော်ဝင်း( ကြည့်မြင်တိုင်မဲဆန္ဒနယ်)

အမည်

ဦးဇော်ဝင်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/ကမတ(နိုင်)၀၁၇၂၂၅

မွေးသက္ကရာဇ်/အသက်

၂၂-၁၁-၁၉၆၀၊ (၅၅)နှစ်

မွေးဖွားရာဇာတိ

ကြည့်မြင်တိုင်မြို့နယ်

ပညာအရည်အချင်း

B.A (Histroy)

လက်ရှိအလုပ်အကိုင်

ဘုရားထီးတော်အမျိုးမျိုးနှင့် မှန်စီရွှေချလုပ်ငန်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးကြည်မောင်၊ ၁၂/ကမတ(နိုင်)၀၁၇၂၂၃၊ဘုရားထီးတော်အမျိုးမျိုးနှင့် မှန်စီရွှေချလုပ်ငန်း

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်လှလှ၊ ၁၂/တမတ(နိုင်)၀၁၇၂၂၄၊ ကနက္ကဒါဏ်ထီးဖြူတော်လုပ်ငန်း

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ထွေးထွေးမြင့်၊ ၁၂/ကမတ(နိုင်)၀၃၈၄၇၁၊ စက်ချုပ်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မောင်ကျော်ထက်၊ ၁၂/ကမတ(နိုင်)၀၈၃၅၈၈၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၆၆၉) ခေါင်းရင်းခြံအပေါ်ထပ်၊ အောက်ကြည့်မြင်တိုင်လမ်းမကြီး၊ ဘောဂ ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကြည့်မြင်တိုင်မြို့နယ်၊ အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကြည့်မြင်တိုင်မြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို အ.မ.က(၁၃)စမ်းချောင်း၊ အ.လ.က(၂)ကြည့်မြင် တိုင်၊ အ.ထ.က(၃) ကြည့်မြင်တိုင်၊ ရန်ကုန်တက္ကသိုလ် (ကြည့်မြင်တိုင်နယ်မြေ)၊ ရန်ကုန် တက္ကသိုလ်(ပင်မ)တို့တွင် သင်ကြားခဲ့သည်။ ၁၉၈၉ ခုနှစ် ကြည့်မြင်တိုင် အမှတ်(၁)သစ်စက်ရှိ ဒုတိယအထွေထွေ မန်နေဂျာရုံး၌ စာရေးအဖြစ် လုပ်ကိုင်ခဲ့ သည်။ ၁၉၈၉ မှ ၂၀၁၅ ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြည့်မြင် တိုင် မြို့နယ်၊ ၁၉၇၅ မှ ၁၉၈၀ ထိ စမ်းချောင်းမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ ၁၉၈၃ မှ ၁၉၈၉ ထိ ကြည့်မြင်တိုင်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့စသည်တို့တွင် ပါဝင်ဆောင်ရွက်ခဲ့ သည်။ ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှုတွင် ပါဝင် ပတ်သက်ခဲ့သဖြင့် အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မ ၅(ည)ဖြင့် ထောင်ဒဏ်(၇)နှစ်ကျခံခဲ့ရသည်။ ပထမအိမ်ထောင်နှင့် မကျော့ ခက်ခက်ဝေ သမီးတစ်ဦးထွန်းကားခဲ့ပြီး ၁၅-၁-၂၀၀၅ ခုနှစ်တွင် နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခဲ့ပါသည်။