ဒေါ်စုစုလွင်( သုံးခွမဲဆန္ဒနယ်)

အမည်

ဒေါ်စုစုလွင်

အခြားအမည်

ဦးနီ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/ဗဟန(နိုင်)၀၅၅၀၉၄

မွေးသက္ကရာဇ်/အသက်

၂၂-၄-၁၉၅၂/(၆၃)နှစ်

မွေးဖွားရာဇာတိ

ရန်ကုန်မြို့

ပညာအရည်အချင်း

မဟာဝိဇ္ဇာ(အင်္ဂလိပ်စာ)

လက်ရှိအလုပ်အကိုင်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ သုံးခွမြို့နယ်

အဘအမည်၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးလွင်၊ ၁၂/ဗဟန(နိုင်)၀၄၂၇၀၄(ကွယ်လွန်)

အမိအမည်၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်တင်မလေး၊ ၁၂/ဗဟန(နိုင်)၀၆၆၁၆၆(ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးထင်ကျော်၊ ၁၂/ဗဟန(နိုင်)၀၅၅၅၃၄၊ဒါရိုက်တာ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း

သား/သမီးအမည်၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၁၅/အေ)၊ ကမ္ဘောဇရိပ်သာလမ်း၊ရွှေတောင်ကြား(၁)ရပ်ကွက်၊ ဗဟန်းမြို့နယ်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုကော်မတီဝင်

ရွေးကောက်တင်မြှောက်ခြင်းခံရသည့် မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊သုံးခွမြို့နယ်၊ (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

Methodist English High School ၊ Radnar Elementary School (Bethesda Md.USA)၊ အမှတ်(၃) အ.ထ.က (မော်လမြိုင်)နှင့် အမှတ်(၂) အ.ထ.က (ကမာရွတ်)တို့တွင် အခြေခံပညာသင်ယူခဲ့ သည်။ ပညာရေးတက္ကသိုလ်(ရန်ကုန်)သို့ တက်ရောက်ပညာ သင်ကြားခဲ့ပြီး မဟာဝိဇ္ဇာဘွဲ့(အင်္ဂလိပ်စာ)ရရှိခဲ့ပါသည်။ ထို့အပြင် Sydney University(Australia) ၌ လည်း ပညာသင်ကြားခဲ့ ပါသည်။
၁၉၇၆ မှ ၁၉၈၉ ထိ ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနတွင် နည်းပြမှ ကထိက ရာထူးအထိတာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ အပြင် ၁၉၉၀ မှ ၂၀၀၅ ထိ Programme Officer (Education) UNICEF Yangon၊ အလွတ်တန်း ပညာရေးအကြံပေးနှင့် စေတနာ့ ၀န်ထမ်း၊ ၂၀၀၅ မှ ၂၀၁၂ ထိ ဘ/က ပညာရေး စီမံကိန်း ရေးဆွဲရေးနှင့် နည်းပြလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
၁၉၈၈ ခုနှစ် ဆရာသမဂ္ဂ(ရန်ကုန်တက္ကသိုလ်)နှင့်ပညာရေး သုတေ သန ၀န်ထမ်းသမဂ္ဂတို့တွင် ပါ၀င်ခဲ့သည်။ ၁၉၉၀ မှ ၂၀၁၂ အထိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လိုလားသူအနေဖြင့် ဒေါ်အောင် ဆန်းစုကြည်နှင့် ဖခင်နိုင်ငံရေးလုပ်ငန်း များတွင် ပါ၀င်ကူညီခဲ့ သည်။ ၂၀၀၅ မှ ၂၀၁၂ ထိ ဘ/က ပညာရေးလုပ်ငန်းများကို စေတနာ့၀န်ထမ်းအဖြစ် လုပ်ဆောင်ခဲ့သည်။ ၂၀၁၂ မှ ယနေ့အထိ သုံးခွမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက် လျက်ရှိသည်။ ၂၀၁၂ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၀င်နှင့် ၂၀၁၃ ခုနှစ်တွင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ကော်မတီ၀င် ဖြစ်သည်။