ဦးဇော်မင်း (မကွေးမဲဆန္ဒနယ်)

အမည်

ဦးဇော်မင်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်

၇/ပတန(နိုင်)၀၀၂၇၇၇

မွေးသက္ကရာဇ်/အသက်

၃၀-၁၀-၁၉၅၁/(၅၉)နှစ်

မွေးဖွားရာဇာတိ

တောင်ငူမြို့

ပညာအရည်အချင်း

B.Sc (D.S.A)

လက်ရှိအလုပ်အကိုင်

ဝန်ကြီး၊ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စစ်မှုထမ်း(အငြိမ်းစား)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးသောင်းရွှေ၊ ၇/ပခန(နိုင်)၁၁၃၄၉၉၊ အမှုထမ်း(ငြိမ်း)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်ခင်၊ ၇/ပခန(နိုင်)၁၁၃၆၇၇၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်မိမိ၊ ၇/ပတန(နိုင်) ၀၀၂၇၅၈၊ အထက်တန်းပြဆရာမ(ငြိမ်း)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ဒေါက်တာအာကာဇော်၊ ၇/ပတန(နိုင်) ၀၀၁၆၉၃၊ ကုန်သည်

(၂) ဒေါ်ဆုထက်လှိုင်၊ ၇/ပတန(နိုင်) ၀၇၉၃၇၂၊ ခရီးသွားလုပ်ငန်းဝန်ဆောင်မှု ကုမ္ပဏီ

(၃) ဒေါက်တာလင်းထက်အောင်၊ ၉/မထလ(နိုင်) ၂၁၇၄၃၆၊ ဆရာဝန်

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၁၀၇၃)၊ ဥတ္တရသီရိတောင်ရပ်ကွက်၊ ပုဗ္ဗသီရိမြို့၊ နေပြည်တော်

ကိုယ်စားပြုပါတီနှင့် ပါတီတာ၀န်/ တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ရွေးချယ်တင်မြှောက်ခြင်းခံရသည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မကွေးမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ် (ယနေ့အထိ)

ငယ်စဉ်က အ​ခြေခံပညာကို တပ်မတော်အထက်တန်းကျောင်း(မိတ္ထီလာ)၊ အထူး သဒ္ဒါကျောင်း(ပဲခူး)နှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆည်းပူးခဲ့သည်။ မင်္ဂလာဒုံဆေးတက္ကသိုလ်(၂)တွင်လည်းကောင်း၊ ပြင်ဦးလွင်စစ် တက္ကသိုလ်တွင်လည်းကောင်း၊ ကလောမြို့ စစ်ဦးစီးတက္ကသိုလ်နှင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တွင်လည်းကောင်း စစ်ရေး ပညာများကိုလေ့လာဆည်းပူးခဲ့သည်။

အမှတ်(၃၅) ခြေလျင်တပ်ရင်း သာယာဝတီ၊ အမှတ်(၁၀၄) ခြေလျင်တပ်ရင်း မော်လမြိုင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တွေ၊ အမှတ်(၉၂) ခြေလျင်တပ်ရင်း ပန်းတောင်း၊ အမှတ် (၂၂၁) ခြေလျင်တပ်ရင်း မိုင်းဖြတ်၊ အမှတ် (၇၉) ခြေလျင် တပ်ရင်း မိတ္ထီလာ၊ အမှတ် (၁၁) ခြေလျင်တပ်မဌာနချုပ် အင်းတိုင်၊ ကမ်းရိုးတန်း ဒေသ တိုင်းစစ်ဌာနချုပ်တို့တွင် ထမ်းဆောင်ခဲ့ပြီး မကွေးတိုင်း အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီတွင် ၂၀၀၁-၂၀၀၄ ခုနှစ် အထိ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ သမဝါယမ ဝန်ကြီးဌာန တွင် ၂၀၀၄-၂၀၀၆ ခုနှစ်အထိဝန်ကြီအဖြစ်လည်းကောင်၊ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် ၂၀၀၆ ခုနှစ်မှ ယနေ့အထိ ဝန်ကြီး အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်လျက်ရှိသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း (ဌာနချုပ်) တွင် တွဲဖက်အထွေထွေ အတွင်းရေးမှူးအဖြစ်ဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်မှ ချီးမြှင့်သော မြန်မာနိုင်ငံစစ်မှုထမ်း သင်္ဂဟတံဆိပ်၊ စစ်မှုထမ်းကောင်း တံဆိပ်၊ နိုင်ငံတော်စစ်မှုတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ နိုင်ငံတော်အေးချမ်း သာယာရေးတံဆိပ်၊ မိုင်းယန်း-မဲသဝေါ တိုက်ပွဲတံဆိပ်၊ ရန်ငြိမ်းအေးတံဆိပ်၊ တပ်မတော်ဂုဏ်ဆောင် အမှုထမ်းတံဆိပ် (ပထမအဆင့်မှ တတိယအဆင့်)၊ စစ်မှုထမ်းသက်တံဆိပ်(၃၃)နှစ်အထက်၊ နိုင်ငံအကျိုးဆောင် တံဆိပ်၊ စစ်ပွဲတံဆိပ် (၂) ခု၊ စစ်ဦးစီးတက္ကသိုလ်သင်တန်းတံဆိပ်၊ ခြေလျင် တပ်ရင်းမှူးသင်တန်းတံဆိပ်၊ ခြေလျင်တပ်ခွဲမှူးသင်တန်းတံဆိပ်၊ ခြေလျင်တပ်စုမှူးသင်တန်းတံဆိပ် စုစုပေါင်း တံဆိပ် (၁၈) ခုကိုရရှိခဲ့သည်။