ဦးသန်းဌေး (မြန်အောင် မဲဆန္ဒနယ်)

အမည်

ဦးသန်းဌေး

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်

၁၂/ရကန(နိုင်) ၀၀၇၉၁၆

မွေးသက္ကရာဇ်/အသက်

၁၂-၁၁-၁၉၅၄/ (၅၆) နှစ်

မွေးဖွားရာဇာတိ

ထောက်ကြန့်ကွင်းရွာ၊ ဇီးဖြူကုန်းအုပ်စု၊ မြန်အောင်မြို့နယ်

ပညာအရည်အချင်း

ဝိဇ္ဇာဘွဲ့ (စစ်တက္ကသိုလ်)၊ မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ)

လက်ရှိအလုပ်အကိုင်

ဒုတိယဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးကံထွန်း၊ ကွယ်လွန်

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သန်းရီ၊ ၁၄/မအန (နိုင်) ၀၈၂၈၈၁၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စိုးဝတ်ရည်၊ ၁၂/ရကန(နိုင်) ၀၀၇၉၁၇၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်အာကာသန်းဌေး၊ ၅/ဖပန(နိုင်)၀၁၃၇၀၆၊ ကုန်သည်

(၂) မရည်မွန်သန်းဌေး၊ ၂/လကန(နိုင်) ၀၆၁၃၄၇၊ ကျောင်းသူ

(၃)မောင်ရဲဝင့်သန်းဌေး၊၇/ပခန(နိုင်)၂၆၂၅၁၂၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၂၁၄၄)၊ ဥတ္တရသီရိမြို့၊ နေပြည်တော်

ကိုယ်စားပြုပါတီနှင့် ပါတီတာ၀န်/ တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ရွေးချယ်တင်မြှောက်ခြင်းခံရသည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြန်အောင်မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ် (ယနေ့အထိ)

ငယ်စဉ်က အ.မ.က မန်ကျည်းကွင်း၊ အ.ထ.က (၂) ဟင်္သာတနှင့် အ.ထ.က မြန်အောင်တို့တွင် အခြေခံပညာကို သင်ကြားခဲ့သည်။ စစ်တက္ကသိုလ်၊ တပ်မတော်ကြည်းတိုက်ခိုက်ရေးသင်တန်းကျောင်း (ဗထူး)၊ စစ်ဦးစီးတက္ကသိုလ်နှင့် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်တို့တွင် ကာကွယ်ရေးပညာများကို သင်ကြားခဲ့သည်။ အမှတ်(၉၉) ခြေလျင်တပ်ရင်း (လွိုင်လင်)၊ အမှတ်(၁၀၇) ခြေမြန်တပ်ရင်း (အင်းတကော်)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေးဌာနခွဲ၊ ကာကွယ်ရေးဝန်ကြီးဌာန (ကြည်း) စီမံရေးဌာနခွဲ၊ ကာကွယ်ရေးဝန်ကြီး၏ကိုယ်ရေးအရာရှိ၊ အမှတ် (၃၀၄) ခြေမြန်တပ်ရင်း၊ အမှတ် (၂၃၁) ခြေလျင်တပ်ရင်း၊ အမှတ် (၃၆၇) ခြေမြန်တပ်ရင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၊ ကာကွယ်ရေးဦးစီးဌာနချုပ်ရုံး (ကြည်း) တာဝန် ဌာနခွဲ၊ အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်အဖြစ် အလုပ်တာဝန်များကို ထမ်းဆောင်ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတွင် ပါတီဝင်အဖြစ်လည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတွင် ဗဟိုအလုပ်အမှုဆောင်အဖြစ် လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ နိုင်ငံတော်မှချီးမြှင့်သောစစ်မှုထမ်းကောင်းတံဆိပ်၊ နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ နိုင်ငံတော်အေး ချမ်းသာယာရေးတံဆိပ်၊ မိုင်းယန်း/မဲသဝေါတံဆိပ်၊ ရန်ငြိမ်းအေးတံဆိပ်၊ တပ်မတော်ဂုဏ်ထူးဆောင် အမှုထမ်းတံဆိပ်(ဒုတိယအဆင့်)၊ တပ်မတော်ဂုဏ်ထူးဆောင်အမှုထမ်းတံဆိပ်(တတိယအဆင့်) ၊ စစ်မှုထမ်းသက်တံဆိပ် (၃၃)နှစ် အထက်၊ နိုင်ငံတော်အကျိုး ဆောင်တံဆိပ်၊ စစ်ပွဲတံဆိပ်(၁၉၇၄-၁၉၈၈)၊ စစ်ပွဲတံဆိပ်(၁၉၈၈-၁၉၉၀)၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သင်တန်းတံဆိပ်၊ စစ်ဦးစီး တက္ကသိုလ်သင်တန်းတံဆိပ်၊ ခြေလျင်တပ်ခွဲမှူးသင်တန်းတံဆိပ်၊ ခြေလျင်တပ်စုမှူးသင်တန်းတံဆိပ်များကို ရရှိခဲ့သည်။