|
အမည် |
ဦးညွန့်အောင် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၅/အရတ(နိုင်)၀၀၃၂၀၆ |
|
မွေးသက္ကရာဇ်/အသက် |
၁၁-၂-၁၉၇၂/(၄၅)နှစ် |
|
မွေးဖွားရာဇာတိ |
ရွာရှည်ရွာ၊ အရာတော်မြို့နယ် |
|
ပညာအရည်အချင်း |
B.Sc တန်းအောင် |
|
လက်ရှိအလုပ်အကိုင် |
ကားအငှားလုပ်ငန်း |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးသန်းဝင်း၊ ၅/အရတ(နိုင်)၀၃၇၈၂၁၊ တောင်သူ |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်မြင့်၊ AYW-010786၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မရှိပါ |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မရှိပါ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၆)လမ်းသွယ်၊ ဇောတိကလမ်း၊ အောင်ဇေယျ၊ ရန်ကင်းရပ်ကွက်၊ မုံရွာမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ သဘာပတိအဖွဲ့ဝင်၊ စစ်ကိုင်းတိုင်းဒေသကြီး |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မုံရွာမြို့နယ် (ဒုတိယအကြိမ်- ၂၀၁၇ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို မုံရွာမြို့ အ.မ.က(၁၁)၊ အရာတော်မြို့နယ် ဝါးပြစ်မရွာ အ.မ.ကနှင့် ဝါးတန်းရွာတွဲဖက် အ.ထ.က တို့တွင်သင်ယူခဲ့သည်။ မုံရွာဒီဂရီကောလိပ်မှ B.Sc တန်း အောင်မြင်ခဲ့သည်။ ၁၉၉၇ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ မင်းကင်းမြို့နယ် ပွင့်လျှက်ရွာ၊ ပုလဲမြို့နယ် ဝက်ကျရွာနှင့် ချင်ပြစ်ရွာတို့တွင် အထပြ(အရပ်ခန့်)အဖြစ် လုပ်ကိုင် ခဲ့ပါသည်။ ၂၀၀၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ မုံရွာမြို့နယ် စည်းရုံးရေးအဖွဲ့ဝင်၊ လူငယ်လုပ်ငန်းအဖွဲ့တာဝန်ခံ(၁)၊ စစ်ကိုင်းတိုင်းဒေသကြီး လူငယ်အကူအညီပေးရေးအဖွဲ့ဝင်၊ မုံရွာခရိုင် အောင်နိုင်ရေးတွဲဘက်တာဝန်ခံ၊ တိုင်းညီလာခံ ကျင်းပရေးကော်မရှင်အဖွဲ့ဝင်၊ တိုင်းသဘာပတိအဖွဲ့ဝင်၊ ဗဟိုလူငယ်ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင်၊ မုံရွာမြို့နယ်၊ အောင်နိုင်ရေးရုံးအဖွဲ့ဝင်တို့အဖြစ် ဆောင်ရွက်ခဲ့ပြီး မဟာဝံသပညာဒါနကျောင်းဆရာ၊ မဟာဇောတိကာရာမ ပညာဒါနကျောင်းဆရာနှင့် အမေ့ဥယျာဉ်ပညာရေးကွန်ရက် တွဲဖက်တာဝန်ခံ(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)တို့အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ ၇.၁၁.၂၀၀၄ ရက်နေ့တွင် ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းအက်ဥပဒေ-၂၃၊ ၃.၂.၂၀၀၆ ရက်နေ့တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၂/၁၄၉၊ ၂၂၄ ၊ ၃၂၃/၁၄၉ နှင့် ၂၉.၁၀.၂၀၀၇ ရက်နေ့တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(ခ)နှင့် ၂၂၇ တို့ဖြင့် ပြစ်ဒဏ်များကျခံခဲ့ဖူးသည်။ |
