ဦးကျော်မြင့် (မြန်အောင် မဲဆန္ဒနယ်)

အမည်

ဦးကျော်မြင့်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၄/ဇလန(နိုင်)၀၃၈၂၄၄

မွေးသက္ကရာဇ်/အသက်

၃၀-၈-၁၉၄၃/(၇၁)နှစ်

မွေးဖွားရာဇာတိ

ရေပေါ်သောင်ကျေးရွာ၊ ဇလွန်မြို့နယ်

ပညာအရည်အချင်း

စိုက်ပျိုးရေးဒီပလိုမာဘွဲ့(Dip. Agri)

လက်ရှိအလုပ်အကိုင်

စိုက်ပျိုးရေးလုပ်ငန်းနှင့် အရောင်းအဝယ်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

သခင်အုံးဆိုင် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်ရွှေ၊ ကွယ်လွန်

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နှင်းနွယ်၊ ၁၄/ဇလန(နိုင်) ၀၄၁၈၇၇၊မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မမီမီသင်၊ ၁၄/ဇလန (နိုင်) ၀၈၇၀၈၄၊အရောင်းအဝယ်

(၂) မစုစုလတ်၊ ၁၄/ဇလန (နိုင်) ၀၈၉၇၉၄၊ NGO ဆရာမ

(၃) ကိုဇာနည်ကျော်၊၁၂/တကန(နိုင်)၁၅၆၆၈၃၊ အရောင်းအဝယ်

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၂၆၇)၊ ၇(ခ)၊ (၃၉)လမ်း(အထက်) ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊မြန်အောင်မြို့နယ် (ပထမအကြိမ်- ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို အဖျောက်မြို့ အ-ထ-ကတွင် သင်ယူခဲ့ပြီး ၁၉၆၀ ပြည့်နှစ်တွင် ဒသမတန်း အောင်မြင်ခဲ့ သည်။ ၁၉၆၉ ခုနှစ်တွင် ပျဥ်းမနားစိုက်ပျိုးရေးသိပ္ပံကျောင်းမှ စိုက်ပျိုးရေးဒီပလိုမာဘွဲ့ (Dip. Agri) ရရှိခဲ့သည်။ နည်းပြဆရာ မြေ ၊ ကျေး၊ ရှင်း(ဇလွန်) ၁၉၆၁ ခုနှစ်မှ ၁၉၆၅ ခုနှစ်အထိ ၊ အလုပ်သင်အရာရှိ စိုက်ပျိုးရေး ဌာန မြန်အောင် (၁၉၇၀-၇၁)၊ ဇလွန်မြို့နယ်၊ မြန်အောင်မြို့နယ်နှင့် ရန်ကုန်မြို့နယ်တို့တွင် တာဝန်ထမ်းဆောင် ခဲ့သည်။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဇလွန်မြို့နယ် မဲဆန္ဒနယ်(၁)၌ ရွေးကောက်ခံရသည်။ NLD ပါတီတွင် တိုင်းစည်းအဖွဲ့ဝင်အဖြစ်လည်းကောင်း ၊ ပါတီဗဟိုကော်မတီဝင်နှင့် ဗဟိုတောင်သူလယ်သမားလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးအဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် နိုင်ငံရေးအရ တစ်ဦးတည်းသာကွက်ပြီး ကျောက်ထုတ်လုပ်မော်တော်ငယ်ကို မီးသင်္ဘောအက်ဥပဒေအရ အပြစ်ရှိသည်ဟုဆိုပြီး ဟင်္သာတထောင်တွင် ထောင်ဒဏ်(၂)လ ပြစ်ဒဏ်ကျခံဖူး သည်။ NLD စတင်ခဲ့သည်မှ ပါတီဝင်အဖြစ်လည်းကောင်း ၊ လွှတ်တော်ရွေးကောက်ခံ MP အဖြစ်လည်းကောင်း ၊ ပါတီတိုင်းစည်းရုံးရေးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဗဟိုကော်မတီဝင် CC အဖြစ်လည်းကောင်း ၊ ပါတီဗဟို တောင်သူလယ်သမားလုပ်ငန်း အဖွဲ့အတွင်းရေးမှူးအဖြစ်လည်းကောင်း စဥ်ဆက်မပြတ်ယခုထိ တာဝန်ထမ်း ဆောင်ခဲ့သည်။

.