|
အမည် |
သီဟသူရ ဦဲးတင်အောင်မြင့်ဦး |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/ဒဂန(နိုင်) ၀၂၁၃၁၉ |
|
မွေးသက္ကရာဇ်/အသက် |
၁၁-၆-၁၉၅၀ / (၆၁) နှစ် |
|
မွေးဖွားရာဇာတိ |
ပြည်မြို့ |
|
ပညာအရည်အချင်း |
သိပ္ပံဘွဲ့ (စစ်တက္ကသိုလ်) Dip in Defence & Security |
|
လက်ရှိအလုပ်အကိုင် |
ဗိုလ်ချုပ်ကြီး (အငြိမ်းစား)၊ အတွင်းရေးမှူး (၁) နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးလှဦး၊ ၁၂/ မရက (နိုင်) ၀၂၁၈၇၀၊ တိုင်းပညာရေးမှူး (အငြိမ်းစား) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ကြင်စိန်၊ ၁၂/ မရက (နိုင်) ၀၈၂၈၉၈၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်စောနှင်း၊ ၁၂/ ဒဂန (နိုင်) ၀၂၁၃၁၈၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) ဦးတေဇာစောဦး၊ ၁/ မကန(နိုင်) ၀၀၄၉၂၂၊ စစ်မှုထမ်း (အငြိမ်းစား) |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ် (အေ-၁)၊ ရာဇသင်္ဂဟလမ်း၊ ပုဗ္ဗသီရိမြို့နယ် |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပုဗ္ဗသီရိမြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
၁၉၅၄ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ ပြည့်မြို့ မြန်မာနှစ်ခြင်း ခရစ်ယာန် အထက်တန်းကျောင်း၌ ပညာသင်ကြားခဲ့သည်။ ၁၉၆၀ ပြည့်နှစ်မှ ၁၉၆၄ ခုနှစ်အထိ ပြည့်မြို့ အမှတ် (၁) အစိုးရအထက်တန်းကျောင်း၌ ပညာ သင်ကြားခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် ဇီးကုန်းမြို့ အစိုးရအထက်တန်း ကျောင်းတွင် လည်းကောင်း၊ ၁၉၆၄ ခုနှစ်မှ ၁၉၆၆ ခုနှစ်အထိ တောင်ကြီးမြို့ အမှတ် ၉၁) အစိုးရအထက်တန်းကျောင်း၌ လည်းကောင်း၊ ၁၉၆၆ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်၌ လည်းကောင်း ပညာသင်ကြားခဲ့သည်။ ၁၉၇၀ ပြည့်နှစ် ပြန်တမ်းဝင် အရာရှိ ဒုတိယဗိုလ်အဆင့်ဖြင့် ခလရ (၈၉)၊ ချင်း (၁)၊ ခလရ (၇၆) နှင့် ကက (ကြည်း) တွင်လည်းကောင်း၊ ခလရ (၅၀)၊မပခ၊ ခလရ (၁၁)၊ ကကထူး၊ ခမရ (၁၂၀)၊ စမခ (ခန္တီး) နမခ၊ တမခ (၃၃)၊ စကခ (၁) နှင့် ရမခတို့တွင် တပ်စုမှူး၊ တပ်ခွဲမှူး၊ ဦးစီးအရာရှိ၊ တပ်ရင်းမှူး၊ စစ်ဗျူဟာမှူး၊ တပ်မမှူး၊ တိုင်းမှူး တာဝန်များ ကိုလည်းကောင်း၊ ကကထောက်တွင် စစ်ထောက်ချုပ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်အထိ လည်းကောင်း၊ ၂၅-၃-၂၀၀၉ ရက်နေ့မှ ၂၇-၈-၂၀၁၀ ရက်နေ့အထိ နာယက ဥက္ကဋ္ဌ၏ စစ်ဘက် အကြံပေး အရာရှိ (ဗိုလ်ချုပ်ကြီး) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၅-၁၁-၁၉၉၇ ရက်နေ့မှ စတင်၍ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေးမှူး (၁) အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတွင် တင်းပြည့်ပါတီဝင်အဖြစ် လည်းကောင်း၊ တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ် တာဝန်ကျရာ ဒေသများရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လည်းကောင်း ပါဝင် ဆောင်ရွက်ခဲ့သည်။၁၉၈၈ ခုနှစ်တွင် သီဟသူရဘွဲ့ ရရှိခဲ့သည်။ |
