ဦးတင့်ဆန်း (မြောင်းမြ မဲဆန္ဒနယ်)

အမည်

ဦးတင့်ဆန်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်

၁၄/မမန(နိုင်)၀၂၈၆၀၇

မွေးသက္ကရာဇ်/အသက်

၁၄-၉-၁၉၅၆/(၅၄) နှစ်

မွေးဖွားရာဇာတိ

ကွယ်လွယ်ရွာ၊ မြောင်းမြမြို့

ပညာအရည်အချင်း

B.E (Civil)

လက်ရှိအလုပ်အကိုင်

ACE ဆောက်လုပ်ရေး

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးကောက်ရိန်၊ ကွယ်လွန်

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သေး၊ ၁၄/မမန (နိုင်) ၀၃၆၈၄၁၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါက်တာဌေးဌေးငြိမ်း၊ ၁၄/မမန(နိုင်)၀၂၇၄၉၆၊ ဆရာဝန်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ဦးဖြိုးကိုကိုတင့်ဆန်း၊ ၁၄/ပသရ(နိုင်) ၁၀၆၈၉၃၊ ဆောက်လုပ်ရေး

(၂) မငြိမ်းငြိမ်းတင့်ဆန်း၊ ၁၂/သကတ(နိုင်) ၁၅၃၇၇၉၊ ဆောက်လုပ်ရေး

(၃)ဦးစံကိုကိုတင့်ဆန်း၊ ၁၂/သကတ(နိုင်) ၁၅၃၄၂၈၊ ဆောက်လုပ်ရေး

အမြဲတမ်းနေရပ်လိပ်စာ

(၁၅၃)၊ ခရေလမ်း၊ သန်လျင်တံတားအိမ်ရာဝန်း၊ ၁၀/တောင် ရပ်ကွက်၊ သာကေတ၊ ရန်ကုန်

ကိုယ်စားပြုပါတီနှင့် ပါတီတာ၀န်/ တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ရွေးချယ်တင်မြှောက်ခြင်းခံရသည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြောင်းမြမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ် (ယနေ့အထိ)

ငယ်စဉ်ကအခြေခံပညာကို အ.လ.က (၂) ကွယ်လွယ်၊ အ.ထ.က (၁) နှင့် လူငယ်ရေးရာ ညကျောင်း မြောင်းမြမြို့တို့တွင်သင်ကြားခဲ့သည်။ ရန်ကုန်စက်မှုတက္ကသိုလ်သို့ တက်ရောက်၍ မြို့ပြအင်ဂျင်နီယာဘွဲ့ ရရှိခဲ့သည်။ ၁၉၈၂ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ ဧရာဝတီတိုင်းဒေသကြီး တိုင်းကုန်သွယ်လယ်ယာ၌ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သည်။ ကိုယ်ပိုင်လုပ်ငန်း (ACE ဆောက်လုပ်ရေး) ကိုထူထောင်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ အဖြစ်လည်းကောင်းဆောင်ရွက်ခဲ့သည်။နိုင်ငံတော်မှနိုင်ငံတော်စက်မှုစီမံစီးပွား (ပထမဆင့်) ဘွဲ့၊ သီရိသုဓမ္မမဏိဇောတဓရဘွဲ့ ၊ အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရဘွဲ့နှင့် ဝဏ္ဏကျော်ထင်ဘွဲ့ တို့ချီးမြှင့်ခံခဲ့ရရသည်။