ဒေါ်မြင့်မြင့်စန်း(ဝါးခယ်မ မဲဆန္နနယ်)

အမည်

ဒေါ်မြင့်မြင့်စန်း

အခြားအမည်

မချို (လမ်းမတော်)

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/လမတ(နိုင်)၀၁၂၂၁၂

မွေးသက္ကရာဇ်/အသက်

၂၉-၉-၁၉၆၀/(၅၄)နှစ်

မွေးဖွားရာဇာတိ

ဓနုဖြူမြို့

ပညာအရည်အချင်း

B.Sc (Zoology)

လက်ရှိအလုပ်အကိုင်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဝိလာသ၊၁၄/ကပန(နိုင်)၀၀၀၈၄၆

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခွေး (ခ) ဒေါ်ပွင့် (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၃၇) ၊ (၅) လမ်း၊ တတိယလွှာ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဝါးခယ်မမြို့နယ်

(ပထမအကြိမ်- ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို ဓနုဖြူမြို့ အ.လ.ကနှင့် ပခုက္ကူမြို့ အ.ထ.က(၁)တို့တွင် သင်ယူခဲ့သည်။ ပခုက္ကူဒေသ ကောလိပ်နှင့် ရန်ကုန်အဝေးသင်တက္ကသိုလ်တို့တွင် ပညာဆက်လက်သင်ယူခဲ့ပြီး B.Sc (Zoology)ဘွဲ့ ရရှိခဲ့ သည်။ ရန်ကုန်မြို့ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ သုတေသနဌာနချုပ်၊ စီးပွားရေးဌာနခွဲတွင် စာပြုတာဝန် ထမ်းဆောင်ခဲ့ဖူးသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူမှုအထောက်အကူပြုအဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။

၁၉၉၈ ခုနှစ်တွင် ရဲမွန်ထိန်းသိမ်းရေးစခန်း၌ ၄ လကြာ နေထိုင်ခဲ့ရသည်။ ၁၃-၃-၂၀၀၉ ရက်နေ့တွင် အဖမ်းခံရပြီး ပုဒ်မ ၁၇(၁)အရ ထောင်ဒဏ်(၃)နှစ် ပြစ်ဒဏ်ကျခံရပြီး ၂-၉-၂၀၁၁ ရက်နေ့တွင် လွတ်မြောက် ခဲ့သည်။