|
အမည် |
ဦးသိန်းညွန့် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၉/ ကပတ(နိုင်) ၀၂၉၉၃၆ |
|
မွေးသက္ကရာဇ်/အသက် |
၈-၁၀-၁၉၄၈ / (၆၂)နှစ် |
|
မွေးဖွားရာဇာတိ |
မအူပင်မြို့ |
|
ပညာအရည်အချင်း |
သိပ္ပံဘွဲ့ (စစ်တက္ကသိုလ်) |
|
လက်ရှိအလုပ်အကိုင် |
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး (၁၉၉၇ မှ ယနေ့ထိ)/ နေပြည်တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် (၂၀၀၆ မှ ယနေ့အထိ) ဝန်ကြီးတာဝန်နှင့် ပူးတွဲတာဝန်ထမ်းဆောင်နေပါသည်။ |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးအင်ဝှက် (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ကျင်ရန် (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ကျင်ခိုင်၊ ၉/ ကပတ(နိုင်) ၀၂၉၉၂၈၊ ကထိက (ငြိမ်း) |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မရှိပါ |
|
မြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၅၉)၊ (၅)ရပ်ကွက်၊ အောင်ဇေယျလမ်း၊ မအူပင်မြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရသည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မအူပင်မြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဥ်က အခြေခံပညာကို မအူပင်မြို့ အ-မ-က ကျောင်းရွာနှင့် အ.ထ.က (၁) မအူပင်မြို့တို့တွင် သင်ကြားခဲ့သည်။ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး သိပွံဘွဲ့ရရှိခဲ့သည်။ ဒုတိယဗိုလ်မှ ဗိုလ်မှူးကြီးအဆင့်ထိ ကာကွယ်ရးဝန်ကြီးဌာနတွင် လည်းကောင်း၊ မကွေးတိုင်း ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော်စစ်မှုထမ်းသင်္ဂဟတံဆိပ်၊ စစ်မှုထမ်းကောင်းတံဆိပ်၊ နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်၊ မိုင်းယန်း - မဲသဝေါ တိုက်ပွဲတံဆိပ်၊ ရန်ငြိမ်းအေးတံဆိပ်၊ တပ်မတော်ဂုဏ်ဆောင်အမှုဆောင်တံဆိပ် (ဒုတိယအဆင့်)၊ တပ်မတော် ဂုဏ်ဆောင်အမှုထမ်း တံဆိပ် (တတိယအဆင့်)၊ စစ်မှုထမ်းသက်တံဆိပ်၊ နိုင်ငံ့အကျိုးဆောင်တံဆိပ်၊ စစ်ပွဲတံဆိပ်(၁၉၇၄-၈၈)၊ စစ်ပွဲတံဆိပ်(၁၉၈၈-၉၀)၊ ခြေလျင် တပ်ခွဲမှူးသင်တန်းတံဆိပ်နှင့် စစ်ဦးစီးတက္ကသိုလ် သင်တန်းတံဆိပ်တို့ ကို ရရှိခဲ့သည်။ |
