|
အမည် |
ဦးကြည်တင့် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၄/ဓနဖ(နိုင်)၀၅၅၅၆၀ |
|
မွေးသက္ကရာဇ်/အသက် |
၁၉-၇-၁၉၅၀/(၆၁)နှစ် |
|
မွေးဖွားရာဇာတိ |
ကျွန်းထိပ်ပိုင်း၊ ညောင်တုန်းမြို့ |
|
ပညာအရည်အချင်း |
သိပ္ပံဘွဲ့ (ရုက္ခဗေဒ) |
|
လက်ရှိအလုပ်အကိုင် |
ဒါရိုက်တာ၊ သမဝါယမဘဏ်လီမိတက်/အုပ်ချုပ်မှုဒါရိုက်တာ ဗဟိုသမအသင်းလီမိတက် |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးတိတ်စိန် (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ဆင်သိန်း၊ ၁၄/ဓနဖ(နိုင်)၀၅၈၅၅၄၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်မေကြည်၊ ၁၄/ဓနဖ(နိုင်)၀၀၇၇၀၃၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မောင်ကျော်မင်းဦး၊ ၁၄/ဓနဖ(နိုင်)၁၁၂၅၇၀၊ အမိန့်ရ အပေါင်ဆိုင် ဝန်ထမ်း (၂) မသဥ္ဇာလွင်၊ ၁၄/ဓနဖ(နိုင်)၀၉၆၁၅၆၊ လ/ထကြီးကြပ်ရေးမှူး၊ သမဝါယမဘဏ်လီမိတက် (၃) မစိမ့်စိမ့်သူ၊ ၁၄/ဓနဖ(နိုင်)၁၀၃၀၇၂၊ ကျူရှင်ဆရာမ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၈၅)၊ ဘုရားလမ်း၊ (၈)ရပ်ကွက်၊ ဓနုဖြူမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဓနုဖြူ မြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဥ်က အ.မ.က(၁၁)လမ်း၊ ညောင်တုန်း အ-လ-က(၁)နှင့် အ-ထ-က ညောင်တုန်းတို့တွင် ပညာသင်ကြားခဲ့သည်။ ပုသိမ်ကောလိပ်နှင့် ရန်ကုန်ဝိဇ္ဇာ နှင့် သိပ္ပံတက္ကသိုလ်တို့တွင် တက်ရောက်ခဲ့ပြီး ရုက္ခဗေဒ ဘာသာ အထူးပြုဖြင့် သိပ္ပံဘွဲ့ ရရှိခဲ့သည်။ ၁၉၇၆ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ အတွင်းရေးမှူးအဖြစ် သပြုကျေးရွာသမ၊ ဓနုဖြူမြို့နယ်တွင် လည်းကောင်း၊ ၁၉၇၈ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ တွဲဖက် အတွင်းရေးမှူး(၁)အဖြစ် ဧရာဝတီတိုင်း မြို့နယ်သမ ဝါယမအသင်းစု (ရုံးခွဲတာဝန်ခံ) ရန်ကုန်ရုံးခွဲတွင် လည်းကောင်း၊ ၁၉၈၁ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဥက္ကဋ္ဌအဖြစ် မြို့နယ်အသင်း ဓနုဖြူတွင်လည်းကောင်း၊ ၁၉၉၁ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ဥက္ကဋ္ဌအဖြစ် မြို့နယ်သမဝါယမ အသင်း ဓနုဖြူတွင်လည်းကောင်း၊ ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ဥက္ကဋ္ဌအဖြစ် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းစုချုပ် လီမိတက်၊ ရန်ကုန်မြို့တွင်လည်းကောင်း၊ ၂၀၀၂ ခုနှစ်မှ ယနေ့အထိ ဒုဥက္ကဋ္ဌအဖြစ် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်းစု ချုပ်လီမိတက်၊ ရန်ကုန်မြို့တွင်လည်းကောင်း၊ ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ အတွင်းရေးမှူးအဖြစ် ကြွေးမြီ ရှင်းလင်းရေးနှင့် ပြန်လည်ဖွဲ့စည်းရေးကော်မတီ၊ ဗဟိုသမဝါယမ အသင်း၊ ရန်ကုန်မြို့တွင်လည်းကောင်း၊ ၂၀၀၂ ခုနှစ်မှ ယနေ့အထိ အုပ်ချုပ်မှုဒါရိုက်တာ ဗဟိုသမအသင်း လီမိတက်တွင် လည်းကောင်း ၊ ၂၀၀၄ ခုနှစ်မှ ယနေ့အထိ ဒါရိုက်တာ သမဝါယမ အသင်းလီမိတက် ရန်ကုန်မြို့တွင် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ဓနုဖြူမြို့ ကျိုက္ကလွန်ပွန်း စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ အတွင်းရေးမှူး ၊ ဓနုဖြူမြို့ ဆေးရုံကြီးကြပ် ရေးကော်မတီဝင်၊ ဓနုဖြူမြို့ ခြင်းလုံး/ဘောလုံး ဆပ်ကော်မတီနှင့် အား/ကာ ကော်မတီတို့ တွင် ဥက္ကဋ္ဌ တာဝန် ဆောင်ရွက်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ကျင်းပသော အမျိုးသားညီလာခံတွင် တောင်သူ လယ်သမား ကိုယ်စားလှယ်အဖြစ် ဓနုဖြူမြို့မှ တက်ရောက် ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ဆက်လက်ကျင်းပသော အမျိုးသား ညီလာခံတွင် အလှည့်ကျ သဘာပတိ တောင်သူလယ်သမား အစုအဖွဲ့တာဝန်ကို အမျိုးသားညီလာခံ ပြီးဆုံးသည်အထိ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ |
