ဦးငွန်မောင်း (ဟားခါး မဲဆန္ဒနယ်)

အမည်

ဦးငွန်မောင်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ချင်း/ခရစ်ယာန်

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၄ / ဟခန (နိုင်)၀၀၇၃၈၉

မွေးသက္ကရာဇ်/အသက်

၁၂-၃-၁၉၅၀/ ၆၀ နှစ်

မွေးဖွားရာဇာတိ

လုံရန်းရွာ ၊ ဟားခါးမြို့နယ်

ပညာအရည်အချင်း

L.L.B (ဥပဒေဘွဲ့)

လက်ရှိအလုပ်အကိုင်

လ/ထညွှန်ကြားရေးမှူး (ငြိမ်း)

အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးရှမ်သွမ်(ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နီထွေး (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သွမ်ပင် HKA -၀၀၃၈၂၆

ခရိုင်ပို့/ဆက်ဦးစီးမှူး၊ ကလေးမြို့

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မဆန်မင်းတီလ်၊ ၄/ဟခန(နိုင်) ၀၂၂၉၃၅၊ US တွင်အလုပ်လုပ်

(၂) မဖမ်ဒေါ့ပါရ်၊ ၄/ဟခန(နိုင်)၀၂၂၇၃၃၊ Germany တွင် အလုပ်လုပ်

(၃) မောင်လျန်ကျဲအို ၊ ၉/ခအဇ(နိုင်) ၀၀၆၈၆၇၊ US တွင် ကျောင်းတက်

(၄)မငွန်ကျင်းတီလ် ၊ ၄/ဟခန(နိုင်)၀၂၅၉၅၃ ၊ ရန်ကုန်တွင် အလုပ်လုပ်

(၅) မောင်ဗျက်ကျင်းဆန် ၊၉/ခအဇ(နိုင်) ၀၁၆၉၂၄ ၊ဆေးတက္ကသိုလ်၊

မန္တလေး

အမြဲတမ်းနေရပ်လိပ်စာ

ဈသ/၃၀၀ ၊ တောင်ဇလပ်လမ်း ၊ ဈေးသစ်ရပ်ကွက်၊ ဟားခါးမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ချင်းအမျိုးသားပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရသည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဟားခါးမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အ‌ခြေခံပညာကို အ-မ-က လုံရန်းရွာ ၊အ-လ-က ဆူးရ်ခွားရွာ ၊

အ-ထ-က ဂန့်ဂေါတို့တွင် သင်ကြားခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ရန်ကုန် အဝေးသင်တက္ကသိုလ် မှ ဥပဒေဘွဲ့ကို ရရှိခဲ့ပါသည်။ ၁၉၇၁ ခုနှစ်တွင် အငယ်တန်းစာရေးအဖြစ် ဖလမ်းမြို့နယ် လျှပ်စစ်ရူံးတွင် လည်းကောင်း၊ ၁၉၇၄ ခုနှစ်တွင် အထက်တန်းစာရေးအဖြစ် ဟားခါးမြို့နယ် လျှပ်စစ််အင်ဂျင်နီယာရုံးတွင် လည်းကောင်း၊ ၁၉၇၆ ခုနှစ်တွင် မြို့နယ်လျှပ်စစ်ရုံးမှူးအဖြစ် ဟားခါးမြို့နယ် လျှပ်စစ်မှူးရုံးတွင် လည်းကောင်း၊ ၁၉၇၈ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ အထက်တန်းစာရေး ၊ ဌာနခွဲစာရေးကြီးနှင့် ရုံးအုပ်အဖြစ် ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံး ဟားခါးတွင် လည်းကောင်း၊ ၁၉၉၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ရုံးအုပ်၊ လက်ထောက်စီမံခန့်ခွဲရေးမှူးနှင့် လက်ထောက်ညွှန်းကြားရေးမှူးအဖြစ် မန္တလေးတိုင်း လျှပ်စစ်အင်ဂျင်နီယာရုံးတွင် လည်းကောင်း၊ ၂၀၀၉ ခုနှစ် မှ ၂၀၁၀ ခုနှစ် အထိ လက်ထောက်ညွှန်ကြားရေးမှူး အဖြစ် လျှပ်စစ်စွမ်းအား ဦးစီးဌာန အမှတ် (၂) လျှပ်စစ်ဝန်ကြီးရုံး နေပြည်တော် တွင် လည်းကောင်း တာဝန်များကို ထမ်းဆောင်ခဲ့သည်။

၁၉၉၂ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ ဟားခါးမြို့ မြို့မိမြို့ဖကော်မတီ အတွင်းရေးမှူးနှင့် ၂၀၀၄ ခုနှစ် မှ ၂၀၀၈ ခုနှစ်အထိ မန္တလေးမြို့ လိုင်(ချင်း) သာရေးနာရေးအသင်းဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။