ဦးမြင့်ဦး(သနပ်ပင်မဲဆန္ဒနယ်)

အမည်

ဦးမြင့်ဦး

အခြားအမည်

ဦးကိုကိုဦး

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၇/သနပ (နိုင်) ၀၅၁၁၂၃

မွေးသက္ကရာဇ်/အသက်

၁၃-၉-၁၉၅၆/ (၅၉) နှစ် 

မွေးဖွားရာဇာတိ

ညောင်သုံးခွကျေးရွာ၊ ဝေါမြို့နယ်၊

ပညာအရည်အချင်း

C.T.Med: (YGN)

လက်ရှိအလုပ်အကိုင်

တိုင်းရင်းဆေးဆရာ၊ လမင်းသစ္စာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးစိန်၊ ၇/သနပ (နိုင်)၀၅၁၃၁၇၊ မှီခို

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကြည်၊ ၇/သနပ(နိုင်)၀၅၁၃၁၆၊  မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စီစီရိုဇာ၊ ၇/ပခန(နိုင်) ၂၁၈၀၀၄၊ တိုင်းရင်းဆေးဆရာမ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မနေခြည်ဦး ၇/ပခန(နိုင်)၀၆၃၁၁၀၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး(မန်နေဂျာ)
(၂) မောင်လမင်းဦး၊ ၇/ပခန(နိုင်) ၂၅၃၃၁၀၊ ရုပ်ရှင်ဒါရိုက်တာ၊ တန်ခူးရုပ်ရှင်ထုတ်လုပ်ရေး

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၁၉၃/၄) ဘီ၊ ဗဟိုလမ်း၊ လင်းလွန်း (တောင်) ရပ်၊ စမ်းချောင်း၊ ရန်ကုန်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ သနပ်ပင်မြို့နယ်

(ပထမအကြိမ်- ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို အိုးဘိုစုကျောင်း (ဘက)၊ ညောင်သုံးခွရွာ မူလတန်းကျောင်းနှင့် ဦးဖိုးရွှေ ပုဂ္ဂလိက ကျောင်းတို့တွင် သင်ယူခဲ့သည်။ ရန်ကုန်တိုင်းရင်းဆေးဆရာသင်တန်းကျောင်းမှ C.T.Med:(YGN)ရရှိခဲ့သည်။

၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ စစ်မှုထမ်းတာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၈၈ ခုနှစ်မှစ၍ NLD ပါတီတွင် ရပ်/ကျေးစည်း၊ မြို့နယ်စည်း၊ တိုင်းလူမှုအထောက်အကူပြုနှင့် ကျန်းမာရေးကွန်ယက် ၊ ပညာရေးကွန်ယက်၊ စာဖတ်ခန်းလုပ်ငန်းများတွင် ပါဝင်‌ဆောင်ရွက်ခဲ့သည်။