|
အမည် |
ဦးဖြိုးဇေယျာသော် |
|
အခြားအမည် |
ဇေယျာသော် |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/လသန(နိုင်)၀၁၇၁၄၂ |
|
မွေးသက္ကရာဇ်/အသက် |
၂၆-၃-၁၉၈၁/(၃၄)နှစ် |
|
မွေးဖွားရာဇာတိ |
ရန်ကုန်မြို့ |
|
ပညာအရည်အချင်း |
B.A (English) |
|
လက်ရှိအလုပ်အကိုင် |
ဂီတအနုပညာသမား |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးမြသော် ၊ ၁၂/လသန(နိုင်)၀၁၂၄၁၀ ၊ ပါမောက္ခချုပ်(ငြိမ်း) ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်ဝင်းမေ ၊ ၁၂/လသန(နိုင်)၀၁၂၄၁၁၊ ကထိက ဌာနမှူး (ငြိမ်း) ၊ သွားနှင့် ခံတွင်း အထူးကုဌာန၊ ကုတင် (၃၀၀) သင်ကြားရေးဆေးရုံ(မန္တလေး) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မရှိပါ |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
မရှိပါ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၃၅၅) ၊ ဗိုလ်အောင်ကျော်လမ်း ၊ ကျောက်တံတား မြို့နယ် ၊ ရန်ကုန်မြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပုဗ္ဗသီရိမြို့နယ် (ပထမအကြိမ် - ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာကို ရန်ကုန်မြို့ အ.ထ.က(၆)ဗိုလ်တထောင်တွင် သင်ယူခဲ့ပြီး ၊ ရတနာပုံ အဝေးသင်တက္ကသိုလ် (မန္တလေး)မှ B.A(English)ဘွဲ့ ရရှိခဲ့သည်။ ရန်ကုန်မြို့တွင် ဂီတအနုပညာလုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသည်။ Generation Wave မျိုးဆက်သစ်လူငယ်များ စတင်ထူထောင်သူ တစ်ဦးအပါအဝင် “ကမ်းလက်” သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာ ပေးရေးနှင့် အကူအညီပေးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ Generation Wave ဖွဲ့စည်းခဲ့သည့်အတွက် အသင်းအဖွဲ့(၇/၈၈)၊ တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု (၂၄/၁)၊ ထောင်ဒဏ်(၄)နှစ် ပြစ်ဒဏ် ကျခံခဲ့ဖူးသည်။ နိုင်ငံတော် သမ္မတရုံး၏ အမိန့်အမှတ်(၂၈/၂၀၁၁)အရ ကော့သောင်းထောင်မှ ပြစ်ဒဏ် လွတ်မြောက် ခဲသည်။ |
