ဒေါ်ဝင်းမော်ထွန်း (ရေနံချောင်း မဲဆန္ဒနယ်)

အမည်

ဒေါ်ဝင်းမော်ထွန်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၈/ရနခ(နိုင်) ၀၁၁၀၆၇

မွေးသက္ကရာဇ်/အသက်

၂၃-၇-၁၉၅၈/(၅၃)နှစ်

မွေးဖွားရာဇာတိ

ရေနံချောင်းမြို့

ပညာအရည်အချင်း

အခြေခံပညာအထက်တန်းအဆင့်

လက်ရှိအလုပ်အကိုင်

မော်တော်ဆိုင်ကယ်ထုတ်လုပ်ရေး လုပ်ငန်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးသန်းထွန်း၊ YNG-007739၊ စက်မှုလုပ်ငန်းရှင်

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အုန်းသီ၊ YNG-007740၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးရဲမြင့်၊ ကွယ်လွန်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်သန်းထွန်းမြင့်၊ ၈/ရနခ(နိုင်) ၀၈၅၇၆၀၊ ကျောင်းသား

(၂) မောင်ရဲလင်းထွန်း၊ ၈/ရနခ(နိုင်) ၀၁၅၆၀၅)၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၄၄)၊ သခင်ဘိုးလှကြီးလမ်း၊ ရွှေဘုံသာရပ် ရေနံချောင်းမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရေနံချောင်းမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အ-ထ-က (၁) ရေနံချောင်းမြို့တွင် တက်ရောက် ပညာ သင်ကြားခဲ့သည်။ အခြေခံပညာ အထက်တန်းအဆင့်ကို အောင်မြင်ခဲ့သည်။ ထို့နောက် ဖယောင်းတိုင်လုပ်ငန်း၊ လယ်ယာသုံး စက်ကိရိယာလုပ်ငန်းနှင့် အကြီးစားစက်မှုလုပ်ငန်း (မော်တော်ဆိုင်ကယ်ထုတ်လုပ်ရေးလုပ်ငန်း) များကို လုပ်ကိုင် လျက်ရှိသည်။ ထို့ပြင် မကွေးတိုင်းအတွင်း အခမဲ့ မျက်စိခွဲစိတ် ကုသခြင်းလုပ်ငန်းများ၊ လမ်း၊ တံတားပြုပြင်ခြင်း၊ ရေတွင်း ရေကန်ဆောက်လုပ်လှူဒါန်းခြင်းလုပ်ငန်းများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းနှင့်ပူးပေါင်း၍ လူမှုရေးလုပ်ငန်း များကို လုပ်ကိုင်လျက်ရှိသည်။ နိုင်ငံတော်မှ ချီးမြှင့်သော စက်မှု စီးပွား ထူးချွန်ဆု ရရှိခဲ့သည်။