ဦးသိန်းလွင်( ချောက်မဲဆန္ဒနယ်)

အမည်

ဦးသိန်းလွင်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/လသန(နိုင်) ၀၁၀၁၁၃

မွေးသက္ကရာဇ်/အသက်

၁၄-၁-၁၉၄၉/ (၆၂) နှစ်

မွေးဖွားရာဇာတိ

ချောက်မြို့

ပညာအရည်အချင်း

B.E (Mechanical)

လက်ရှိအလုပ်အကိုင်

ဦးဆောင်ညွှန်ကြားရေးမှူး၊ (ငြိမ်း)မြန်မာ့ရေနံဓာတုလုပ်ငန်း။

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးမြသောင်း (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စန်းကြည် (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါက်တာခင်စန်းမြင့်၊ ၁၂/လသန (နိုင်) ၀၀၂၄၆၈၊ တာဝန်ခံဆရာဝန် (ငြိမ်း)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်ဖြိုးဇော်ဝေ၊ ၁၂/လသန (နိုင်) ၀၀၂၃၄၄၊ ကိုယ်ပိုင်လုပ်ငန်း
(၂)
မောင်ရဲထက်လွင်၊ ဌာနခွဲမှူး၊ မြန်မာ့ရေနံဓာတုလုပ်ငန်း
(၃)
မောင်သက်ဇော်ထွေး၊ ၁၂/ဒဂန (နိုင်) ၀၃၁၃၁၇၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၂၂၇၂)၊ တိုးချဲ့(၁၅)ရပ်ကွက်၊ ဂျီတီအိုင်ရှေ့၊ ချောက်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ချောက်မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်က အ.မ.က (၁) အာရှကွက်သစ်၊ အ.ထ.က (၂) ချောက် မြို့နှင့် ရန်ကုန်စက်မှုတက္ကသိုလ်တို့တွင် ပညာ သင်ကြား ခဲ့ပြီး B.E (Mechanical) ဘွဲ့ ရရှိခဲ့သည်။ ၁၉၇၁ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် စက်မှုအင်ဂျင်နီယာအဖြစ်လည်းကောင်း၊ ၁၉၈၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အမှတ် (၂) စက်မှုဝန်ကြီးဌာနတွင် အဖွဲ့ခွဲမှူးအဖြစ် လည်းကောင်း၊ ၁၉၈၈ ခုနှစ်မှ ယနေ့အထိ စွမ်းအင်စီမံရေး ဦးစီးဌာနတွင် လ/ထညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြား ရေးမှူး၊ ညွှန်ကြားရေးမှူးနှင့် ၁၉၉၇ ခုနှစ်တွင် ဒုတိယ ညွှန်ကြားရေးမှူးချုပ်တာဝန်များကိုထမ်းဆောင်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်း တွင် ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် အငြိမ်း စားယူခဲ့သည်။ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတွင် ၂၀၀၄ ခုနှစ်အထိ ဒုတိယဥက္ကဋ္ဌတာဝန်နှင့် ဗဟိုအလုပ် အမှုဆောင် တာဝန်ကိုထမ်းဆောင်ဆဲဖြစ်သည်။ ၂၀၀၀ပြည့် နှစ်မှ ၂၀၀၅ ခုနှစ်အထိ အာဆီယံ (၁၀) နိုင်ငံ စွမ်းအင် ဖူလုံစိတ်ချရေး စီမံချက်၏ အမြဲတမ်းသဘာပတိအဖြစ် တာဝန် ထမ်းဆောင်ဆဲ ဖြစ်သည်။ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ အီရန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အာဆီယံနိုင်ငံများသို့ လုပ်ငန်းတာဝန်ဖြင့် အခေါက်ရေ (၅၀) ခန့် ရောက်ရှိခဲ့သည်။ နိုင်ငံတော်မှ ချီးမြှင့် သော စီမံထူးချွန်ဆု ဒုတိယအဆင့် ရရှိခဲ့သည်။