ဒေါက်တာမောင်မောင်ဌေး (ပွင့်ဖြူ မဲဆန္ဒနယ်)

အမည်

ဒေါက်တာမောင်မောင်ဌေး

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်

၉/မရတ(နိုင်)၁၀၄၅၂၂

မွေးသက္ကရာဇ်/အသက်

၂၃-၅-၁၉၆၀/ (၅၀) နှစ်

မွေးဖွားရာဇာတိ

ကန်းဆောင်းရွာ၊ ပွင့်ဖြူမြို့နယ်

ပညာအရည်အချင်း

B.Sc (Hon:), M.Sc, Ph.D(Chemistry)

လက်ရှိအလုပ်အကိုင်

တွဲဖက်ပါမောက္ခ(ငြိမ်း)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးခင်မောင်ကြီး၊ ကွယ်လွန်

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မြမေ၊ ကွယ်လွန်

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်တင်လတ်၊ ၈/မကန (နိုင်)၁၅၄၀၄၆၊ အလယ်တန်းပြ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မဝင့်စန္ဒီမောင်၊ ၈/မကန(နိုင်) ၁၇၉၁၂၅၊ B.E ပထမနှစ်

(၂) မောင်ကျော်ဇောဟိန်း၊ ၈/မကန(နိုင်)၁၈၂၅၁၉၊ တက္ကသိုလ်ဝင်တန်း

အမြဲတမ်းနေရပ်လိပ်စာ

ကုန်းဇောင်းရပ်ကွက်၊ ကုန်းဇောင်းကျေးရွာ၊ ပွင့်ဖြူမြို့နယ်

ကိုယ်စားပြုပါတီနှင့် ပါတီတာ၀န်/ တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ရွေးချယ်တင်မြှောက်ခြင်းခံရသည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပွင့်ဖြူမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ် (ယနေ့အထိ)

ငယ်စဉ်က အ.ထ.က(၁) ကုန်းဇောင်း ပွင့်ဖြူမြို့နယ်၊ ရေနံချောင်း ဒီဂရီကောလိပ်၊ မကွေးဒီဂရီကောလိပ်၊ မန္တလေး တက္ကသိုလ်တွင် တက်ရောက်ပညာ သင်ကြား ခဲ့ပြီး B.Sc(Hon:) ,M.Sc ,Ph.D(Chemistry) ဘွဲ့ရရှိခဲ့ သည်။

၁၉၈၆ ခုနှစ် အောက်တိုဘာလမှစ၍ မန္တလေးတက္ကသိုလ်၊ မကွေးတက္ကသိုလ် ဓာတုဗေဒဌာနတွင် သရုပ်ပြ၊ လ/ထ ကထိကနှင့် ကထိက အဖြစ်လည်းကောင်း၊ ၂၀၀၅-၂၀၁၀ ပြည့်နှစ်တွင် ရေနံချောင်းဒီဂရီကောလိပ်တွင် တွဲဖက် ပါမောက္ခအဖြစ် တာဝန်များကို ထမ်းဆောင်ခဲ့သည်။

၁၉၉၃ ခုနှစ် နိုဝင်ဘာတွင် မကွေးခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတွင် အတွင်းရေးမှူး အဖြစ် လည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ၂၀၀၇ ခုနှစ်တွင် ဂျပန်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီး ရှား၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံများသို့ လူငယ်ချစ်ကြည်ရေး ခရီးတိုများသွားရောက်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် မကွေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။