ဦးသန်းထွန်း (စေတုတ္တရာ မဲဆန္ဒနယ်)

အမည်

ဦးသန်းထွန်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၈/စတရ(နိုင်)ဝဝ၄၂၂၅

မွေးသက္ကရာဇ်/အသက်

၂၉-၆-၁၉၄၉/ (၆၁) နှစ်

မွေးဖွားရာဇာတိ

အလံမ္ပယ်ကျေးရွာ၊ မင်းဘူး (စကု) မြို့နယ်

ပညာအရည်အချင်း

B.Sc (Chemistry)

လက်ရှိအလုပ်အကိုင်

စတိုးဆိုင်လုပ်ငန်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးစံမြင့် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ဥ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကြည်ကြည်တိုး၊ ၈/ စတရ(နိုင်)၀၀၄၂၂၆၊ စတိုးဆိုင်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မောင်ကျော်စွာထွန်း၊ ၈/ စတရ(နိုင်)၀၂၂၄၁၁၊ ဈေးသည်
မမေသွယ်ခိုင်၊
၈/ စတရ(နိုင်)၀၂၈၀၀၆၊ ဒု-ဦးစီး၊ ရေအားလျှပ်စစ်ဦးစီး
မနုနုနိုင်၊၈/ စတရ(နိုင်)၀၃၃၄၅၅၊
ကျောင်းသူ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၉၂)၊ ဗိုလ်ချုပ်လမ်း၊ သီဟရပ်၊ စေတုတ္တရာမြို့။

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ စေတုတ္တရာမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဥ်က အခြေခံပညာကို မူလတန်း၊ အလယ်တန်း နှင့် အထက်တန်း စကုမြို့နှင့် မကွေးတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားခဲ့ပြီး B.Sc(Chemistry) ဘွဲ့ရရှိခဲ့သည်။ ၁၉၉၃ ခုနှစ်မှ ယနေ့အထိ စေတုတ္တရာ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး အသင်း တွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၁၉၇၆ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ အ-ထ-ကကျောင်းတွင် စေတနာ အထက်တန်းပြအဖြစ်လည်းကောင်း၊ ၁၉၈၀ ပြည့်နှစ် မှ ၁၉၈၂ ခုနှစ်အထိ ညကျောင်းတွင် စေတနာအထက် တန်းပြအဖြစ်လည်းကောင်း ၊ ၁၉၈၃ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ညနေသင်တန်းကျောင်းတွင် စေတနာ အထက်တန်းပြအဖြစ် လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။