ဦးထွန်းဆာ ( တန့်ယန်း မဲဆန္ဒနယ်)

အမည်

ဦးထွန်းဆာ

အခြားအမည်

ဦးစိုင်းထွန်းဝင်း

လူမျိုး/ဘာသာ

ရှမ်း

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၃/တယန(နိုင်)ဝဝ၂၁၉၂

မွေးသက္ကရာဇ်/အသက်

၈.၇.၁၉၄၇ / (၆၃)နှစ်

မွေးဖွားရာဇာတိ

ကတ်တောင်ကျေးရွာ၊ စယ်ဟီအုပ်စု၊ တန့်ယန်းမြို့နယ်

ပညာအရည်အချင်း

ဝိဇ္ဇာဘွဲ့ (သမိုင်း)

လက်ရှိအလုပ်အကိုင်

စိုက်ပျိုးရေးနှင့် လူထုခန့်ကျောင်းဆရာ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးခမ်းရွက် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နန်းလွှက် (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နန်းခမ်းလီ၊၁၃/တယန(နိုင်)၀၀၂၁၉၃

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) စိုင်းနော်ကွန့်

(၂) နန်းခမ်းပွင့်ခုံး

(၃) နန်းစန္ဒာထွေးခမ်း

(၄) စိုင်းခမ်းလင်း

အမြဲတမ်းနေရပ်လိပ်စာ

ရပ်ကွက် (၅)၊ တန့်ယန်းမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ)

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တန့်ယန်းမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဥ်က အ‌ခြေခံပညာကို ၁၉၅၇ ခုနှစ်မှ ၁၉၆၈ခုနှစ်အထိ လားရှိုးမှုလတန်းကျောင်း၊ တန့်ယန်း အ.ထ.က နှင့် တောင်ကြီး အ-ထ-က(၆)တို့တွင် သင်ကြားခဲ့သည်။ ၁၉၆၈ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ တောင်ကြီး တက္ကသိုလ် နှင့် မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး သမိုင်းအထူးပြုဖြင့် ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ပထမ အသင်းစုမှူးအဖြစ် သမဝါယမဦးစီးဌာန တန့်ယန်းမြို့၌လည်းကောင်း ၊ အတွင်းရေးမှူးအဖြစ် မြို့နယ်သမဝါယမအသင်းတွင်လည်းကောင်း၊ဗဟိုသမဝါယမအသင်း ညီလာခံကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ မြို့နယ်ဥပဒေရုံး စာရေးဝန်ထမ်းအဆင့်(၁)အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။ ကျောင်းဆရာ(လူထုခန့်)နှင့် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။ မြို့နယ်ကောင်စီတရားသူကြီးအဖွဲ့ဝင်၊ မြို့နယ်ပြည်သူ့ကောင်စီ၊ တန့်ယန်းမြို့နယ်ကောင်စီအလုပ်အမှုဆောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် အမှတ်(၂)ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ဆောင်ရွက် ခဲ့သည်။ ၁၉၆၆ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ သုဝဏ္ဏမြို့သစ် နွေရာသီကျောင်းပိတ်ရက် လုပ်အားပေးရာတွင် စံပြ လုပ်အားပေးကျောင်းသားဆု ရရှိခဲ့သည်။