|
အမည် |
ဦးစိုးမောင် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် |
၁၂/ဗဟန(နိုင်)၀၃၉၆၀၁ |
|
မွေးသက္ကရာဇ်/အသက် |
၂၀-၁၂-၁၉၅၂/(၅၈) နှစ် |
|
မွေးဖွားရာဇာတိ |
ဆင်ချောင်းရွာ၊ ရေစကြိုမြို့ |
|
ပညာအရည်အချင်း |
B.Sc(D.S.A), HGP, M.A (Defence) |
|
လက်ရှိအလုပ်အကိုင် |
ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးကြင်မောင်၊ ၈/ရစက(နိုင်) ၀၁၄၆၂၈၊ ကုန်သည်၊ တောင်သူ |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်လှရှန်၊ ၈/ရစက(နိုင်) ၀၁၄၆၂၉၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်နန်းဖြူဖြူအေး၊ ၁၂/ဗဟန(နိုင်)၀၃၉၆၀၂၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) ဗိုလ်ကြီးသက်အောင်၊ ၈/မကန(နိုင်)၁၅၆၆၁၈၊ စစ်မှုထမ်း (၂) မနန်းသီရိထက်၊ ၁၂/စစန(နိုင်) ၀၆၅၂၂၆၊ ကျောင်းသူ (၃)မောင်ဟိန်းဇော်၊ ၁၂/စစန(နိုင်) ၀၆၅၂၂၇၊ ကျောင်းသား (၄) မောင်သီဟစစ်၊ ၁၂/စစန(နိုင်) ၀၆၅၂၂၈၊ ကျောင်းသား |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၂၁၇၉)၊ ဥတ္တရသီရိ၊ နေပြည်တော် |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာ၀န်/ တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
|
ရွေးချယ်တင်မြှောက်ခြင်းခံရသည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရေစကြိုမြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ် (ယနေ့အထိ) |
အခြေခံပညာကို ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာ အ.မ.က၊ အ.ထ.က (၁) ရေစကြို၊ အ.ထ.က (၁) မြင်းခြံ၊ အ.ထ.က (၁) ပခုက္ကူ၊ အ.ထ.က (၄) တောင်ဥက္ကလာတို့တွင် သင်ယူခဲ့သည်။ ရန်ကုန်ဆေးတက္ကသိုလ်၌ ပထမနှစ်မှ ဒုတိယနှစ်အထိ သင်ယူခဲ့သည်။ ပြင်ဦးလွင်မြို့ စစ် တက္ကသိုလ်တွင် တက်ရောက် ပညာဆည်းပူးခဲ့သည်။ B.Sc (D.S.A), M.A (Defence) ဘွဲ့နှင့် H.G.P ရရှိခဲ့သည်။ ၁၉၇၆ - ၁၉၈၃ ထိ ခလရ (၃) ကလောမြို့တွင် ဒုဗိုလ်မှ ဗိုလ်ကြီးအဆင့်ထိ (တပ်စုမှူး/ ထလရအရာရှိ/ တပ်ခွဲမှူး)၊ ၁၉၈၃ - ၁၉၈၅ ထိ ခလရ(၁၇) မြိတ်မြို့နှင့် ၁၉၈၅ - ၁၉၈၆ ထိ ခလရ(၄၅) ကွတ်ခိုင်မြို့တို့တွင် ဗိုလ်ကြီးအဆင့်ဖြင့် တပ်ခွဲမှူး၊ ၁၉၈၆ - ၁၉၉၀ ထိ ရန်ကုန်မြို့ ကက ထောက်တွင် ဦးစီး(တ)၊ ၁၉၉၀ - ၁၉၉၁ ထိ ခမရ(၁၀၃)၊ တောင်တွင်း ကြီးမြို့တွင် ဗိုလ်မှူး(တပ်ခွဲမှူး)၊ ၁၉၉၁ - ၁၉၉၂ ထိ တမခ (၁၀၁) ပခုက္ကူ မြို့တွင် ဌာနချုပ်တပ်ခွဲမှူး၊ ၁၉၉၂ - ၁၉၉၃ ထိ ခလရ(၂) သိမ်ဇရပ်တွင် ဒုတိယတပ်ရင်းမှူး၊ ၁၉၉၃ - ၁၉၉၈ ထိ ခလရ(၂၃၆) ဗန်းမော်မြို့တွင် ဒုတိယဗိုလ်မှူးကြီး (တပ်ရင်းမှူး)၊ ၁၉၉၈ - ၁၉၉၉ ထိ တမခ(၈၈) မကွေး မြို့တွင် စစ်ဦးစီးမှူး(ပ)၊ ၁၉၉၉ - ၂၀၀၀ ထိ စကခ(၂) လွိုင်လင်မြို့တွင်နည်းဗျူဟာမှူး၊၂၀၀၁ခုနှစ်တွင် ရန်ကုန်မြို့ လရခတွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်ဦးစီးဗိုလ်မှူးကြီး၊ ၂၀၀၁ - ၂၀၀၃ ထိ စကခ(၁၆) ပျဉ်းမနားမြို့ တွင် ဗိုလ်မှူးချုပ် အဆင့်ဖြင့် စကခမှူး၊ ၂၀၀၃ - ၂၀၀၉ ခုနှစ်ထိ ရန်ကုန်/ နေပြည်တော် ကကဥတွင် ဗိုလ်ချုပ်အဆင့်ဖြင့် စစ်ဥပဒေ ချုပ်၊ ၂၀၀၉ - ၂၀၁၀ ထိ နေပြည်တော် ကကဥတွင် ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် စစ်ဥပဒေချုပ်တာဝန်များ အဆင့် ဆင့် ထမ်းဆောင်ခဲ့သည်။ အမှတ်စဉ်(၁၇) စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း၊ စုမှူးသင်တန်း၊ တိုင်းတပ်တွင်း ပညာပေးသင်တန်း၊ တိုက်ပွဲ ထောက်လှမ်းရေး အရာရှိ သင်တန်း၊ တန်ပြန်ထောက် လှမ်းရေး အရာရှိသင်တန်း၊ တပ်ရင်းစည်းရုံးရေးမွမ်းမံ သင် တန်း၊ လေထီးစစ်သည်သင်တန်း၊ ခွဲမှူးသင်တန်း၊ တပ်ရင်း အုပ်ချုပ်မှူးသင်တန်း၊ နည်းပြ လေထီး လေကြောင်းမှူး သင်တန်း၊ လေထီးထုပ်ပိုး၊ ပြင်ဆင်၊ ထိန်းသိမ်းသင်တန်း အချိန်ပြည့် လေထီးခုန် ပြန်လည် လေ့ကျင့်ခြင်းသင်တန်း၊ ရင်းမှူးမွမ်းမံသင်တန်း၊ ရင်းမှူး သင်တန်း၊ စစ်ဦးစီးတက္ကသိုလ် သင်တန်း၊ တိုင်းအဆင့် စည်း/ကော် ရက်တိုသင်တန်းနှင့် နိုင်ငံတော်ကာကွယ်ရေး သင်တန်းတို့ တက်ရောက်ခဲ့သည်။ ဆင်ချောင်းကျေးရွာ စာကြည့်တိုက် ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်၊ အ.လ.ကခွဲ ဖြစ်မြောက်ရေးကော်မတီ နာယက၊ လျှပ်စစ်မီးလင်းရေး ကော်မတီ အဖွဲ့ဝင်၊ ကျေးလက်ဆေးပေးခန်း ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် ဦးလူရှောင် ဖောင်ဒေးရှင်းနာယက အဖွဲ့ ဝင်၊ တောင်ဥက္ကလာပ ကြက်ခြေနီတပ်ဖွဲ့ဝင်၊ တွံတေးမြို့နယ် “အ” သုံးလုံး ကျေးလက်လုပ်အားပေးဆရာ၊ ပေါက်မြို့နယ် နှင့် ပြင်ဦးလွင်မြို့နယ် ပြည်သူ့စစ်သင်တန်း နည်းပြအဖွဲ့ဝင်၊ ကယားပြည်နယ် ဘော်လခဲရွာသစ်မြို့နယ်ခွဲ တည်ဆောက် ရေးအဖွဲ့ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ သည်။ နိုင်ငံတော်မှ ချီးမြှင့်သော စစ်မှုထမ်းကောင်းတံဆိပ်၊ နိုင်ငံ တော် စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ နိုင်ငံ တော် အေးချမ်း သာယာရေးတံဆိပ်၊ မိုင်းယန်း - မဲသဝေါ တံဆိပ်၊ ရန်ငြိမ်းအေးတံဆိပ်၊ တပ်မတော်ဂုဏ်ဆောင် အမှုထမ်းတံဆိပ် (ပထမအဆင့်မှ တတိယအဆင့်)၊ စစ်မှု ထမ်းသက် (၁၅)နှစ်၊ (၂၀)နှစ်၊ (၃၀)နှစ်တံဆိပ်၊ အဆင့်လိုက် ဂုဏ်ထူးဆောင်တံဆိပ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) နှင့် (လေ)မှ ချီးမြှင့်သည့် ဂုဏ်ထူးဆောင်တံဆိပ်များ၊ ၁၉၈၃ ခုနှစ် ရတခတိုင်းမှူး၏ ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်ခြင်း၊ ၂၀၀၁ ခုနှစ် ရပခတိုင်းမှူး၏ ချီးကျူးဂုဏ်ပြု မှတ်တမ်း တင်ခြင်း၊ နိုင်ငံ့အကျိုးဆောင်တံဆိပ်၊ စစ်ပွဲတံဆိပ် (၁၉၇၄ - ၈၈)နှင့် (၁၉၈၈ - ၉၀)၊ နကတ သင်တန်း၊ ဥစတ သင်တန်း၊ ရင်းမှူးသင်တန်း၊ ခွဲမှူးသင်တန်း၊ စုမှူးသင်တန်းတံဆိပ်များ ရရှိခဲ့သည်။ |
