|
အမည် |
ဦးသိန်းထွန်း |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် |
၃/ဘအန(နိုင်) ၀၀၆၀၀၇ |
|
မွေးသက္ကရာဇ်/အသက် |
၅-၁၂-၁၉၄၇/ (၆၃)နှစ် |
|
မွေးဖွားရာဇာတိ |
အောင်သုခကျေးရွာ၊ မြိုင်မြို့ |
|
ပညာအရည်အချင်း |
B.Sc(D.S.A), M.A (Defence Studies) |
|
လက်ရှိအလုပ်အကိုင် |
ဒုတိယဝန်ကြီး၊ ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးပျော့၊ ကွယ်လွန် |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ဖရုံ၊ ကွယ်လွန် |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်မြမြဝင်း၊ ၁၂/ဒဂန( နိုင်) ၀၀၆၈၉၀၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မစန္ဒာထွန်း၊ ၃/ ဘအန (နိုင်) ၀၀၅၈၅၇၊ မှီခို (၂) မစိမ်းလဲ့ထွန်း၊ ၅/မရန(နိုင်) ၁၅၃၃၇၃၊ မှီခို (၃)မသက်သဥ္ဇာထွန်း၊ ၁၂/ ဒဂန(နိုင်) ၀၃၀၁၈၇၊ မှီခို |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၂၁၆၆)၊ ရာဇသင်္ဂဟလမ်း၊ ဥတ္တရသီရိမြို့၊ နေပြည်တော် |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာ၀န်/ တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
|
ရွေးချယ်တင်မြှောက်ခြင်းခံရသည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြိုင်မြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ် (ယနေ့အထိ) |
ငယ်စဉ်က အခြေခံပညာကို ပလိုင်းရပ်၊ အနောက်နယ် သင်တန်းကျောင်း၊ မန္တလေးမြို့၊ အ.လ.က သုံးဆယ်ပေကျေးရွာ မတ္တရာမြို့နှင့် အ.ထ.က (၁) ပခုက္ကူမြို့တို့တွင် ပညာသင်ကြား ခဲ့သည်။ စစ်တက္ကသိုလ်၊ ဗိုလ်လောင်းအမှတ်စဉ် (၁၀)သို့ တက်ရောက် ပညာသင်ကြားခဲ့ပြီး B.Sc (D.S.A) ဘွဲ့နှင့် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ M.A (Defence Studies) ဘွဲ့ ရရှိခဲ့သည်။ စစ်တက္ကသိုလ်တက်ရောက်အောင်မြင်ပြီး တပ်မတော်၏ အဆင့်ဆင့်သော ရာထူးတာဝန်များတွင် တာဝန်ထမ်းဆောင်ခဲ့ သည်။ ဆက်သွယ်ရေးတပ်ဖွဲ့ညွှန်ကြားရေးမှူးအဖြစ် ဗိုလ်ချုပ် အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂-၁၁-၂၀၀၇ ခုနှစ်မှ စ၍ ဒုတိယဝန်ကြီးအဖြစ် ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနသို့ ယနေ့အထိ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ ပါသည်။ နိုင်ငံတော်မှ ချီးမြှင့်သော မြန်မာနိုင်ငံစစ်မှုထမ်းသင်္ဂဟတံဆိပ်၊ နိုင်ငံတော် စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ နိုင်ငံတော်အေးချမ်း သာယာရေးတံဆိပ်၊ မိုင်းယန်း - မဲသဝေါ တိုက်ပွဲတံဆိပ်၊ ရန်ငြိမ်းအေးတံဆိပ်၊ စစ်မှုထမ်းသက်တံဆိပ်၊ စစ်ဦးစီးတက္ကသိုလ်သင်တန်းတံဆိပ်၊ ခြေလျင်တပ်ရင်းမှူး သင်တန်းတံဆိပ်နှင့်ခြေလျင်တပ်ခွဲမှူးသင်တန်းတံဆိပ်များကို ရရှိခဲ့သည်။ |
