|
အမည် |
ဦးရွှေလှကြိုင် |
|
အခြားအမည် |
မန်းရွှေလှကြိုင် |
|
လူမျိုး/ဘာသာ |
ကရင်/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၄/ပသရ(နိုင်)၀၁၀၃၃၁ |
|
မွေးသက္ကရာဇ်/အသက် |
ဆန်း(၄).၃.၁၃၁၉/ (၅၈)နှစ် |
|
မွေးဖွားရာဇာတိ |
ကန်တော်ရွာ၊ မဂူကျွန်းကျေးရွာအုပ်စု၊ ကန်ကြီးထောင့်မြို့နယ် |
|
ပညာအရည်အချင်း |
နဝမတန်း |
|
လက်ရှိအလုပ်အကိုင် |
လယ်/နိုင်ငံရေး |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးထွန်းကျင်၊ ၁၄/ပသရ(နိုင်) ၀၅၈၂၃၈၊ လယ် |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်သောင်း၊ ၁၄/ပသရ(နိုင်) ၀၅၈၂၃၉၊ လယ် |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
နော်ဖောဂေး၊ ၁၄/ပသရ(နိုင်)၀၁၀၃၃၂၊ လယ် |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မအေးမြတ်မွန်၊ ၁၄/ကကထ(နိုင်)၁၃၆၇၆၂ (၂) မမွှေးမွှေး၊ ၁၄/ကကထ(နိုင်) ၁၃၆၇၆၃ (၃) မောင်နေဝင်းရှိန်၊၁၄/ကကထ(နိုင်)၁၅၆၁၂၀ (၄) မောင်ကျော်ဝင်းရှိန်၊ ၁၄/ကကထ(နိုင်)၁၇၁၉၆၃ (၅) မမြင့်မြတ်ဝင်း |
|
အမြဲတမ်းနေရပ်လိပ်စာ |
ရွာသစ်ကုန်းကျေးရွာ၊ မိချောင်းတစ်ရာအုပ်စု၊ ကန်ကြီးထောင့်မြို့နယ် |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ်ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်အဖွဲ့၊ ကန်ကြီးထောင့်မြို့နယ် |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကန်ကြီးထောင့်မြို့နယ် (ဒုတိယအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
မိကျောင်းတစ်ရာကျေးရွာအုပ်စု ခုံဇင်ကုန်းအစိုးရမူလတန်းကျောင်း၊ ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာ အစိုးရအလယ်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(ပုသိမ်မြို့)တို့တွင် ပညာသင်ယူခဲ့ သည်။ အသက်မွေးဝမ်းကျောင်းအဖြစ် လယ်လုပ်ငန်းကိုလုပ်ကိုင်ခဲ့သည်။ ၁၉၉၀ ခုနှစ် ရပ်/ကျေးညီလာခံအရ ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မိကျောင်းတစ်ရာကျေးရွာအုပ်စု(ပုသိမ်အရှေ့မြို့နယ်)၊ ၁၉၉၂ မှ ၁၉၉၆ ထိ ရပ်/ကျေး ဥက္ကဋ္ဌတာဝန်နှင့် ပူးတွဲ၍ ရုံးအဖွဲ့မှူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ပုသိမ်အရှေ့မြို့နယ်)၊ ၁၉၉၇ မှ ၂၀၀၆ ထိ ကျောင်းသား/ကျောင်းသူ မိဘများ ဦးဆောင်၍ အမှတ်(၁၁၀) အ.မ.က (ရွာသစ်ကုန်း)စာသင်ကျောင်းအား ဦးဆောင် ဆောက်လုပ်ခဲ့ပါသည်။ ၂၀၀၇ မှ ၂၀၁၂ ထိ ကန်ကြီးထောင့်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့တွင် အတွင်းရေးမှူးတာဝန်ထမ်းဆောင် ခဲ့သည်။ ၂၀၁၀-၂၀၁၁၊ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်များ၌ ကန်ကြီးထောင့်မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုပညာရေးကွန်ယက်နှင့် ချိတ်ဆက်၍ ကျောင်းသုံးစာအုပ်/သင် ထောက်ကူပစ္စည်းနှင့် ငွေများလှူဒါန်းခဲ့ပါသည်။ ၃၁-၁-၂၀၁၃ မှ ယနေ့အထိ ကန်ကြီးထောင့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၂၀၁၂ မှ ၂၀၁၄ အထိ ကန်ကြီးထောင့်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် စုပေါင်းအားသွေးလှူရှင်အဖွဲ့ ဖွဲ့စည်း၍ ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် သွေးလှူဒါန်းခြင်းနှင့် ၂၀၁၃ မှ ယနေ့ထိ ဧရာဝတီတိုင်း ဒေသကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်သူလယ်သမားရေးရာအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကန်ကြီးထောင့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အဖြစ် ရွေးချယ်ခြင်းခံရပါသည်။ |
