ဦးဟောက်ခန့်မန်( တွန်းဇံမဲဆန္ဒနယ်)

အမည်

ဦးဟောက်ခန့်မန်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ချင်း/ ခရစ်ယာန်

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၅/တဇန(နိုင်)၀၀၈၃၁၈

မွေးသက္ကရာဇ်/အသက်

၁၀.၁၂.၁၉၄၃/ (၇၀)နှစ်

မွေးဖွားရာဇာတိ

ဖိုင်တူရွာ၊ တွန်းဇံမြို့နယ်

ပညာအရည်အချင်း

B. A (Law) L.L.B

လက်ရှိအလုပ်အကိုင်

သ/မ ဦးစီးအရာရှိ (ငြိမ်း)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးထောင်ဇကျင့် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကျင်းဇနဲာမ်(ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကျိန်ဟောက်ညောင် (ကွယ်လွန်)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မနဲာမ်ဂိုးကျိန်၊ ၅/ တမန(နိုင်)၀၀၈၃၁၇၊ မှီခို

(၂) ဦးကျင့်တုန်းမန်၊ ၅/ တမန(နိုင်)၀၀၀၅၄၄၊ တောင်သူ

(၃) မောင်ကျင့်လမ့်ခိုင် (ကွယ်လွန်)

(၄) မောင်ပေါင်လမ့်မန်၊ စင်္ကာပူနိုင်ငံ

(၅) မဝုန်ငိုက်မန်၊ ၄/ တဇန(နိုင်)၀၁၅၆၂၆ ၊ မှီခို

(၆) မောင်လျန်ဇမ်မန်၊ ၄/ တဇန(နိုင်) ၀၁၄၂၂၅၊ မလေးရှား

(၇) မကျိန်လျန်ညောင်၊ ၄/တဇန(နိုင်)၀၁၄၂၂၆၊ မလေးရှား

(၈) မနဲာမ်ဆွမ်းနွမ်၊ ၄/ တဇန(နိုင်)၀၁၈၅၈၂၊ မှီခို

(၉) မဟောက်လမ့်ဒိမ်၊ ကျောင်းသူ

အမြဲတမ်းနေရပ်လိပ်စာ

ခေါဝုန်၊ လေးဆန်ရပ်ကွက်၊ တွန်းဇံမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တွန်းဇံမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဥ်က အခြေခံပညာကို ၁၉၅၁ခုနှစ်မှ ၁၉၅၄ခုနှစ်အထိ အ.မ.က၊ ဖိုင်တူရွာတွင်လည်းကောင်း၊ ၁၉၅၄ခုနှစ်မှ ၁၉၅၆ခုနှစ်အထိ အ.လ.က၊ တွန်းဇံတွင်လည်းကောင်း၊ ၁၉၅၇ခုနှစ်မှ ၁၉၆၄ခုနှစ်အထိ အ.ထ.က၊ တီးတိန်တွင်လည်းကောင်း သင်ကြားခဲ့သည်။ ၁၉၇၀ပြည့်နှစ်တွင် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ဥပဒေဘွဲ့ ကို ရရှိခဲ့သည်။ သမဝါယမဦးစီးအရာရှိအဖြစ်လည်းကောင်း တွန်းဇံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးအသင်း အတွင်းရေးမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ သမဝါယမဦးစီးအရာရှိတာဝန်ဖြင့် မင်းတပ်၊ မတူပီ၊ ပလက်ဝ၊ တမူးနှင့် တိုက်ကြီးမြို့တို့တွင် ပြောင်းရွှေ့ထမ်းဆောင်ခဲ့သည်။

၂၀၀၄ခုနှစ်အမျိုးသားညီလာခံသို့ တိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ အချိန်ပိုင်း ပြည်နယ်ကောင်စီအဖြစ်လည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း အတွင်း‌ရေးမှူးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ကျေးလက်‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။