ဒေါက်တာထွန်းလင်းမော်( ကြံခင်းမဲဆန္ဒနယ်)

အမည်

ဒေါက်တာထွန်းလင်းမော်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၄/ဘကလ(နိုင်)၀၁၃၃၆၉

မွေးသက္ကရာဇ်/အသက်

၈-၆-၁၉၆၃/(၅၂)နှစ်

မွေးဖွားရာဇာတိ

မင်းဘူးမြို့၊ မကွေးတိုင်းဒေသကြီး

ပညာအရည်အချင်း

M.B.B.S

လက်ရှိအလုပ်အကိုင်

ဆေးရုံအုပ်၊ တိုးလင်းအောင်အထူးကုဆေးရုံ၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးမြင့်မော်၊ ၁၄/ဘကလ(နိုင်)၀၁၃၃၆၅၊ ဒုရဲမှူး(ငြိမ်း)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်စိုးလွင်၊ ၁၄/ဘကလ(နိုင်)၀၁၃၃၀၁၊ အလပြ(ငြိမ်း)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ယဉ်မင်းထွဋ်၊ ၁၄/ကခန(နိုင်)၀၀၀၃၀၆

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၆-ဘီ)၊ လမ်းမတော်လမ်း၊ မြို့မရပ်ကွက်၊ ကြံခင်းမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပါတီဝင်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကြံခင်းမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို အ.ထ.က(ကုန်းဇောင်းမြို့)၊ အ.ထ.က(၁)(ရေနံချောင်းမြို့) တို့တွင် ပညာသင်ကြားခဲ့သည်။ ဒေသကောလိပ်(ရေနံချောင်းမြို့)နှင့် ဆေးတက္ကသိုလ်(၂) (ရန်ကုန်မြို့)တို့တွင် ပညာဆက်လက်သင်ကြားခဲ့ပြီး M.B.B.S ဘွဲ့ကို ရရှိခဲ့သည်။
၁၉၈၉ မှ ၂၀၀၃ ထိ ကြံခင်းမြို့နယ် ဆိပ်သာရွာတွင် ပြင်ပဆရာဝန်၊ ၂၀၀၃ မှ ၂၀၀၅ ထိ မအူပင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် လ/ထဆရာဝန်၊ ၂၀၀၅ မှ ၂၀၀၇ ထိ သာပေါင်းမြို့ စက္ကူနှင့်ပျော့ဖတ်စက်ရုံတွင် တာဝန်ခံဆရာဝန်၊ ၂၀၀၇ မှ ၂၀၁၀ ထိ ကြံခင်းမြို့နယ် ဘက်ရဲတိုက်နယ်ဆေးရုံတွင် တိုက်နယ်ဆရာဝန်၊ ၂၀၁၀ မှ ၂၀၁၂ ထိ ကြံခင်းမြို့နယ် ဆိပ်သာတိုက်နယ်ဆေးရုံတွင် တိုက်နယ်ဆရာဝန်တို့အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၂၀၁၂ မှ ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံ မြို့နယ် တိုးလင်းအောင်အထူးကုဆေးရုံတွင် ဆေးရုံအုပ်အထိ တာဝန်ထမ်းဆောင် လျက်ရှိပါသည်။
ကြံခင်းမြို့နယ် တွဲဖက်အ.ထ.က(ဆိပ်သာရွာ)တွင် စေတနာဇီဝဗေဒဘာသာ ရပ်ပြဆရာအဖြစ် ၁၉၉၂-၁၉၉၃ ပညာသင်နှစ်မှ ၁၉၉၇-၁၉၉၈ ပညာသင်နှစ်အထိ ဆောင်ရွက်ခဲ့သည်။