ဒေါက်တာဒေါ်ခင်ညို ( ဒေးဒရဲမဲဆန္ဒနယ်)

အမည်

ဒေါက်တာဒေါ်ခင်ညို

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၇/ဝမန(နိုင်)၀၂၃၁၁၉

မွေးသက္ကရာဇ်/အသက်

၁၀-၆-၁၉၅၁/(၆၅)နှစ်

မွေးဖွားရာဇာတိ

ကျုံကနန်ရွာ၊ ဒေးဒရဲမြို့ ဧရာဝတီတိုင်းဒေသကြီး

ပညာအရည်အချင်း

M.B.B.S၊ M.Med. Sc (E N T)

လက်ရှိအလုပ်အကိုင်

အငြိမ်းစား (နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ကြီး)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးမူဆာ၊ ၁၄/ဒဒရ(နိုင်)၀၀၄၄၀၉ (မှီခို)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်နု (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၃၅/ဂ)၊ ပြည်တော်သာလမ်း၊ ဒေးဒရဲမြို့၊ ဧရာဝတီတိုင်းဒေသကြီး -

၁၃(ဘီ)၊ မြေနီရေကျော်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပါတီဝင်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒေးဒရဲမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

မူလတန်းကျောင်း၊ ဒေးဒရဲမြို့အထက်ပိုင်း၊ မြို့မကျောင်း၊ အမှတ်(၁) အထက်တန်းကျောင်း၊ ဒေးဒရဲမြို့တို့တွင် အခြေခံပညာသင်ယူခဲ့သည်။ ဆေးတက္ကသိုလ်(၁) ရန်ကုန်တွင် ပညာဆက်လက်သင်ယူခဲ့ပြီး M.B.B.S, M.Med, Sc(ENT) ဘွဲ့တို့ကို ရရှိခဲ့သည်။
ဝါးခယ်မမြို့ ပြည်သူ့ဆေးရုံ၊ ဖျာပုံမြို့ ခရိုင်ဆေးရုံ၊ မြစ်ကြီးနားမြို့ပြည်သူ့ ဆေးရုံကြီး၊ မြစ်ကျိုးတိုက်နယ်၊ ဝေါမြို့၊ ပဲခူးတိုင်းတို့တွင် လက်ထောက်ဆရာဝန် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အခြေခံပညာရာထူးဆု၊ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန် (ရန်ကုန်မြို့၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံကြီးတွင် နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုသင်တန်းတက်စဉ်)။ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံကြီး(ရန်ကုန်)နှင့် အထွေထွေရောဂါကုဆေးရုံကြီး(ပခုက္ကူမြို့)၊ မကွေးတိုင်း တို့တွင် လက်ထောက်ဆရာဝန်(နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု)အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ လားရှိုးပြည်နယ်ဆေးရုံ ရှမ်းပြည်နယ်(မြောက်ပိုင်း) နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ လားရှိုးပြည်နယ် ဆေးရုံ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ အထွေထွေရောဂါကုဆေးရုံကြီး(ပြည်မြို့)၊ အထွေထွေရောဂါကုဆေးရုံကြီး(ရန်ကုန်အနောက်ပိုင်း)တို့တွင် နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရန်ကုန် အနောက်ပိုင်းဆေးရုံကြီးမှ အငြိမ်းစားယူသည်။
နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်များနှင့်လိုက်ပါ၍ မြို့နယ် အနှံ့ နား၊ နှာခေါင်း၊ လည်ချောင်း လူနာများအား အခမဲ့ကြည့်ရှုပေးခဲ့ပါသည်။ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဇီဝိတဒါန သံဃာ့ဆေးရုံကြီးတွင် တစ်ပတ် (၁)ရက် ဘုန်းကြီး၊ သီလရှင်နှင့် ချို့တဲ့လူနာများအား အခမဲ့ကြည့်ရှုကုသပေးပြီး လိုအပ်ပါက အခမဲ့ခွဲစိတ်ပေးသည်။ ရွှေပါရမီဖောင်ဒေးရှင်း ကျန်းမာရေးအဖွဲ့နှင့်လိုက်ပါ၍ မြို့နယ်အနှံ့ နား၊ နှာခေါင်း၊ လည်ချောင်း လူနာများအား အခမဲ့ကြည့်ရှုကုသပေးပြီး လိုအပ်ပါက အခမဲ့ခွဲစိတ်ကုသပေးသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေးကွန်ယက်နှင့်လိုက်ပါ၍ မြို့နယ်အလိုက် နား၊ နှာခေါင်း၊ လည်ချောင်း လူနာများအား အခမဲ့ကြည့်ရှုကုသပေးသည်။ ဒေးဒရဲမြို့ အမှတ်(၂)ရပ်ကွက်၊ ညောင်တပင်ကျေးရွာအနီးတွင် အဖိုး၊ အဖွား(၃၂)ဦးဆံ့ ဘိုးဘွားရိပ်သာ ဆောက်လုပ် နေပါသည်။