ဦးတင်လှ( ဓနုဖြူမဲဆန္ဒနယ်)

အမည်

ဦးတင်လှ

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၄/ဓနဖ(နိုင်)၀၀၇၀၃၈

မွေးသက္ကရာဇ်/အသက်

၇-၈-၁၉၄၆/(၇၀)နှစ်

မွေးဖွားရာဇာတိ

ရှမ်းစုရွာ၊ ဆကာကြီးတိုက်နယ်၊ ဓနုဖြူမြို့နယ်

ပညာအရည်အချင်း

B.A, B.Ed

လက်ရှိအလုပ်အကိုင်

မြို့နယ်ပညာရေးမှူး(ငြိမ်း)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးရွှေ၊ DNU-074921၊ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စိန်၊ DNU-074922၊ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကြင်စန်း၊ ၁၄/ဓနဖ(နိုင်) ၀၀၇၀၃၉၊ မူလတန်းကျောင်းအုပ်(ငြိမ်း)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မခိုင်ဇာတင်၊ ၁၄/ဓနဖ(နိုင်) ၁၀၂၀၄၃ B.Tech (Mechanical)၊ စက်ရုံမှူး(ရေသူမ-ငံပြာရည်စက်ရုံ)၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့

(၂) မဆုမြတ်ဖြိုး၊ ၁၄/ဓနဖ(နိုင်) ၁၀၂၀၄၄၊ M.E (Civil)၊ ကထိက နည်းပညာ တက္ကသိုလ်(ဟင်္သာတ)

၃) မောင်ဟိန်းဇော်အောင်၊ ၁၄/ဓနဖ(နိုင်) ၁၂၂၅၇၆၊ ဒုတိယမြို့နယ် မန်နေဂျာ၊ (UNDP) ဓနုဖြူမြို့နယ်

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၁၄၄)၊ အောင်မြင်သုခလမ်းသွယ်(၁)၊ (၂)ရပ်ကွက်၊ ဓနုဖြူမြို့နယ်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ မြို့နယ်ပါတီဝင်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဓနုဖြူမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို အ.မ.က(ရှမ်းစု)၊ အ.လ.က(ဆကာကြီး)(ယခု အ.ထ.က)၊ အ.ထ.က(ဓနုဖြူ)တို့တွင် သင်ကြားခဲ့သည်။ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်(ရန်ကုန်)မှ ဝိဇ္ဇာဘွဲ့(B.A)ကိုလည်းကောင်း၊ ပညာရေးတက္ကသိုလ်(ရန်ကုန်)မှ B.Edဘွဲ့ကို လည်းကောင်း ရရှိခဲ့သည်။ ပုသိမ်ပညာရေးကောလိပ်တွင် မူလတန်းသင်တန်း၊ ရန်ကင်းပညာရေးကောလိပ်တွင် အလယ်တန်းသင်တန်း၊ ပညာရေးတက္ကသိုလ် ရန်ကုန်တွင် B.Ed ပညာရေးသင်တန်းတို့ကို တက်ရောက်ခဲ့သည်။
အ.မ.က(ဝါးရုံချောင်း)ဓနုဖြူမြို့၊ အ.ထ.က(ဆကာကြီး)တို့တွင် မူလတန်းပြ ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် အ.မ.က(ကျောင်းစု)၊ ဓနုဖြူမြို့နယ် တွင် မူလတန်းကျောင်းအုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ အ.လ.က (ရွှေကျောင်း) ဇလွန်မြို့နယ်၊ အ.လ.က(နှဲကြိုး) ဓနုဖြူမြို့နယ်တို့တွင် အလယ်တန်းပြ တာဝန်ထမ်းဆောင်ခဲ့သည်။ အ.ထ.က(ဓနုဖြူမြို့)တွင် အထက်တန်းပြအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ လက်ထောက်မြို့နယ်ပညာရေးမှူး မြိတ်မြို့၊ မြို့နယ် ပညာရေးမှူးရုံး၊ အလယ်တန်းကျောင်းအုပ် ကျွန်းစုမြို့နယ်၊ အ.လ.က(ညောင်ဘီး)၊ တနင်္သာရီတိုင်းဒေသကြီး၊ အထက်တန်းကျောင်းအုပ် ပန်းတနော်မြို့နယ်၊ အ.ထ.က (ရွှေလှေ)၊ မြို့နယ်ပညာရေးမှူး မိုးညိုမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံး၊ ပဲခူး တိုင်းဒေသကြီးအဖြစ် အသီးသီးတာဝန်ထမ်းဆောင်ခဲ့သည်။
စာတတ်မြောက်ရေးလုပ်ငန်း၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု၊ ဆို၊ က၊ ရေး၊ တီး တိုင်းခေါင်းဆောင် (၉)နှစ်၊ စာဖတ်ရှိန် မြှင့်တင်ရေး၊ မြို့နယ် YMBA အသင်းဥက္ကဋ္ဌ၊ သံဃာ့ဒါနဆွမ်းလောင်းရုံ ဥက္ကဋ္ဌ၊ ဘာသာ၊ သာသနာ၊ ပညာ၊ လူမှုအသင်းအဖွဲ့များတွင် နာယကနှင့် ဥက္ကဋ္ဌ တာဝန်တို့အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။
ဘာသာ၊ သာသနာ၊ ပညာ၊ လူမှု၊ ယဉ်ကျေးမှု၊ သမိုင်းရေးရာဆိုင်ရာကိစ္စ ရပ်များတွင် ပါဝင်ဆောင်ရွက်ခြင်းကို အထူးစိတ်ဝင်စားပါသည်။