ဦးမန်းညွန့်သိန်း(ပန်းတနော်မဲဆန္ဒနယ်)

အမည်

ဦးမန်းညွန့်သိန်း

အခြားအမည်

မန်းဖိုးတော

လူမျိုး/ဘာသာ

ကရင်/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၄/ပတန(နိုင်)၀၀၄၁၈၅

မွေးသက္ကရာဇ်/အသက်

၁-၃-၁၉၄၈/(၆၇)နှစ်

မွေးဖွားရာဇာတိ

မိမ္မပြေးကျေးရွာ၊ မိမ္မပြေးကျေးရွာအုပ်စု၊ ပန်းတနော်မြို့နယ်

ပညာအရည်အချင်း

သိပ္ပံဘွဲ့(သင်္ချာ)

လက်ရှိအလုပ်အကိုင်

ဥယျာဉ်ခြံမြေ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးအောင်ချစ်ဖေ၊ PTW- ၀၀၂၉၇၀၊ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သောင်းကြည်၊ PTW- ၀၀၂၉၇၁၊ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တော၊ ၁၄/ပတန(နိုင်)၁၇၆၂၂၅၊ ဥယျာဉ်ခြံမြေ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မောင်မျိုးမြင့်အောင်၊ ၁၄/ပတန(နိုင်) ၁၂၄၀၅၇၊ ကျောင်းဆရာ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၁၆၃)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အလယ်ပိုင်းရပ်ကွက်၊ ပန်းတနော်မြို့နယ်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပန်းတနော်မြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အစိုးရမူလတန်းကျောင်း၊ အနောက်ပိုင်းရပ်ကွက်၊ ပန်းတနော်မြို့၊ အခြေခံ ပညာအထက်တန်းကျောင်း၊ ပန်းတနော်မြို့၊ အ.ထ.က(၃)ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့တို့တွင် အခြေခံပညာသင်ယူခဲ့သည်။ ပုသိမ်ကောလိပ်(ပုသိမ်မြို့)၊ ရန်ကုန် တက္ကသိုလ်တို့တွင် ပညာဆက်လက်သင်ကြားခဲ့ပြီး သိပ္ပံဘွဲ့(သင်္ချာ)ကိုရရှိခဲ့သည်။ ဥယျာဉ်ခြံလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်ကိုင်ခဲ့သည်။ ပန်းတနော်မြို့နယ်ပြည်သူ့ကောင်စီဝင်အဖြစ် ဆောင်ရွက်ခဲ့သည့်အပြင် မိမ္မပြေးတွဲဖက် အ.လ.က ၌အခမဲ့ဆရာအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပန်းတနော်မြို့နယ် မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌနှင့် ဗဟိုကော်မတီဝင်တာဝန်များကို ထမ်းဆောင် လျက်ရှိပါသည်။