|
အမည် |
ဦးဝင်းထွဋ် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/လမန(နိုင်)၀၉၃၈၂၀ |
|
မွေးသက္ကရာဇ်/အသက် |
၃-၁-၁၉၆၂/(၅၄)နှစ် |
|
မွေးဖွားရာဇာတိ |
ဖျာပုံမြို့ |
|
ပညာအရည်အချင်း |
B.E (Mechanical) (1985) |
|
လက်ရှိအလုပ်အကိုင် |
ကုန်သည် |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးဘိုဂွမ်း၊ ၁၄/ဖပန(နိုင်)၀၆၄၄၇၃၊ (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ကျင်ရီ၊ ၁၄/ဖပန(နိုင်)၀၆၄၄၇၄၊ (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်ဆွေမြင့်၊ ၁၂/လမန(နိုင်) ၀၆၄၂၈၆၊ (ကွယ်လွန်) |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) ဒေါ်ခိုင်သန္တာဝင်း၊ ၁၂/လမန(နိုင်)၁၃၅၈၆၈၊ မှီခို (၂) မောင်ရဲရင့်ဝင်းထွဋ်၊ ၁၂/လမန(နိုင်) ၁၃၉၁၀၀၊ သွားဖက်ဆိုင်ရာဆရာဝန် |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၂၉)၊ ပထမလမ်း၊ (၅)ရပ်ကွက်၊ ဖျာပုံမြို့၊ ဧရာဝတီတိုင်းဒေသကြီး |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဖျာပုံမြို့နယ် |
|
ရွေးကောက်တင်မြှောက်ခြင်းခံရသည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဖျာပုံမြို့နယ် (ဒုတိယအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အခြေခံပညာအလယ်တန်းကျောင်း(ဖျာပုံမြို့)၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း(ဖျာပုံမြို့)တို့တွင် ပညာသင်ကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသ ကောလိပ်(ပုသိမ်မြို့)၊ ရန်ကုန်စက်မှုတက္ကသိုလ်တို့တွင် ပညာဆက်လက်သင်ယူခဲ့ပြီး B.E (Mechanical) ဘွဲ့ကို ၁၉၈၉ ခုနှစ်တွင် ရရှိခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ဆည်မြောင်း(စက်မှု) ဆည်မြောင်းဦးစီးဌာန၊ ၁၉၈၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ ဗဟိုသုတေသနလုပ်ငန်းအဖွဲ့ အမှတ်(၂)စက်မှုဝန်ကြီးဌာနတွင် လုပ်ငန်းပြအင်ဂျင်နီယာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၉ ခုနှစ်မှ ယနေ့ အထိ ဘရားသားစားသောက်ဆိုင်လုပ်ငန်းစု(ဖျာပုံမြို့)တွင် ပါဝင်လုပ်ကိုင်လျက်ရှိ သည်။ ထို့အပြင် ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ မန်နေဂျင်းဒါရိုက်တာ၊ ယူနီတက် အင်ဂျင်နီယာရင်းကုမ္ပဏီလီမိတက်၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ အထွေထွေ မန်နေဂျာ၊ ရောင်နီဦးဝန်ဆောင်မှုကုမ္ပဏီလီမိတက်(ရန်ကုန်)တို့အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သည်။ ၂၀၁၂ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဖျာပုံမြို့နယ် အလုပ် အမှုဆောင်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဖျာပုံမြို့၊ မဟာလောကနန္ဒမာရဇိံ ဘုရားကြီး ဂေါပကအဖွဲ့၊ ဘဏ္ဍာရေးမှူး ဆရာဇော်ဂျီရာပြည့်အထိမ်းအမှတ်၊ စာကြည့်တိုက် အမှုဆောင်အဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀) ပြည့် အထိမ်းအမှတ်ကျင်းပရေးနှင့် ကြေးရုပ်တုဖြစ်မြောက်ရေးကော်မတီ၊ ဒုတိယဥက္ကဋ္ဌ တို့အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃ ဖြင့် တရားစွဲခံခဲ့ရသဖြင့် ချုပ်ရက် (၂)လကျော်နှင့် ဒဏ်ငွေ (၁၀၀၀)ကျပ် ပေးဆောင် ကျခံခဲ့ရသည်။ |
