ဒေါက်တာစံရွှေဝင်း (ရေကြည်မဲဆန္ဒနယ်)

အမည်

ဒေါက်တာစံရွှေဝင်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ကရင်/ခရစ်ယာန်

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၄/ရကန(နိုင်)၀၅၅၅၅၁

မွေးသက္ကရာဇ်/အသက်

၂၇-၁၁-၁၉၅၂/(၆၃)နှစ်

မွေးဖွားရာဇာတိ

ဆင်မောင်ကွင်းကျေးရွာ၊ ကျုံပျော်မြို့နယ်

ပညာအရည်အချင်း

M.B.B.S, M.med.Sc(P&T.M), MPA, Diploma in Epidemiology(UCLA,USA), Diploma in Health Care Management(Emory University, USA)

လက်ရှိအလုပ်အကိုင်

အငြိမ်းစား

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးမန်းရွှေစိုး၊ လယ်၊ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သိန်း၊ မှီခို၊ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သင်းသင်းရွှေ၊ ၁၂/လမန(နိုင်)၀၉၂၆၄၃၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မပွင့်မွန်ရွှေဝင်း၊ ၁၂/လမန(နိုင်)၁၂၄၇၄၃၊ Programme Officer, Spectrum- SDKN (၂) မောင်ပြည့်စုံရွှေဝင်း၊ ၁၂/လမန(နိုင်) ၁၃၆၃၉၆၊ MBA(2rd Year) Yangon University of Economics

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၂၀၉)၊ သီဟသူလမ်း၊ အမှတ်(၁၁) ရပ်ကွက်၊ မြသီတာအိမ်ရာ၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပါတီဝင် ရေကြည်မြို့နယ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရေကြည်မြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

၁၉၅၇ မှ ၁၉၆၂ ထိ SDA မူလတန်းကျောင်း၊ ဇရပ်စုရွာ၊ ကျုံပျော်မြို့တွင် သူငယ်တန်းမှ စတုတ္ထတန်းထိ၊ ၁၉၆၂ မှ ၁၉၆၃ ထိ SDA အလယ်တန်းကျောင်း၊ မြောင်းမြမြို့တွင် ပဉ္စမတန်း၊ ၁၉၆၃ မှ ၁၉၆၄ ထိ SDA အလယ်တန်းကျောင်း၊ ဘားအံမြို့တွင် ဆဋ္ဌမတန်းမှ သတ္တမတန်းထိ၊ ၁၉၆၅ မှ ၁၉၆၈ ထိ အ.ထ.က(၁) ဘားအံမြို့တွင် အဋ္ဌမတန်းမှ ဒသမတန်းထိ ပညာသင်ယူခဲ့သည်။ ၁၉၆၈ မှ ၁၉၇၅ ထိ ဆေးတက္ကသိုလ်(၁) ရန်ကုန်မြို့တွင် ဆက်လက်ပညာသင်ကြားခဲ့ပြီး M.B.B.S ဘွဲ့ရရှိခဲ့သည်။ ၁၉၉၁ မှ ၁၉၉၃ ထိ ဆေးတက္ကသိုလ်(၂) ရန်ကုန်မြို့မှ M.Med.Sc(P&TM)၊ ၂၀၀၄ မှ ၂၀၀၆ ထိ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ MPA ရရှိခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် University of California Los Angeles USA(Dip in Epidemiology)၊ ၂၀၀၀ မှ ၂၀၀၁ ထိ Emory University, USA (Dip in Health Care Management)တို့သို့ တက်ရောက်ခဲ့သည်။
၁၉၇၆ မှ ၁၉၇၇ ထိ တပ်မတော်ဆေးရုံကြီး(မင်္ဂလာဒုံ)တွင် အလုပ်သင် ဆရာဝန်၊ ၁၉၇၇ မှ ၁၉၇၈ ထိ ကျုံပျော်မြို့တွင် ပြင်ပဆေးခန်း၊ ၁၉၇၈ မှ ၁၉၈၀ ထိ ဖာပွန်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် လက်ထောက်ဆရာဝန်၊ မြို့နယ်ဆရာဝန်၊ ၁၉၈၀ မှ ၁၉၈၂ ထိ ကျောင်းကုန်းမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်ကျန်းမာရေး အရာရှိ၊ ၁၉၈၂ မှ ၁၉၉၀ ထိ ငါးသိုင်းချောင်းမြို့(ရေကြည်မြို့နယ်) တိုက်နယ်ပြည်သူ့ ဆေးရုံတွင် တိုက်နယ်ဆရာဝန်၊ ၁၉၉၀ မှ ၁၉၉၁ ထိ ကျောင်းကုန်းမြို့နယ်ပြည်သူ့ ဆေးရုံတွင် မြို့နယ်ကျန်းမာရေးအရာရှိ၊ ၁၉၉၁ မှ ၁၉၉၃ ထိ ဘွဲ့လွန်ဆေးပညာ သင်တန်း၊ ၁၉၉၃ မှ ၁၉၉၄ ထိ တိုင်းကျန်းမာရေးဦးစီးဌာန(ရန်ကုန်မြို့)တွင် မြို့နယ် ကျန်းမာရေးအရာရှိ၊ ၁၉၉၄ မှ ၁၉၉၇ ထိ ဦး/ရှိ၊ လ/ထညွှန်ကြားရေးမှူး၊ ကုသရေး ဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ရန်ကုန်မြို့၊ ၁၉၉၇ မှ ၁၉၉၉ ထိ ကျန်းမာရေးဝန်ကြီးဌာန (ရန်ကုန်မြို့)တွင် ရုံးအဖွဲ့မှူး၊ ၁၉၉၉ မှ ၂၀၀၀ ထိ တိုင်းကျန်းမာရေးဦးစီးဌာန (မကွေးမြို့)တွင် ကျန်းမာရေးဦးစီးဌာနမှူး၊ ၂၀၀၀ မှ ၂၀၀၁ ထိ ကျန်းမာရေးဦးစီး ဌာန(ရန်ကုန်မြို့)တွင် ဒုတိယညွှန်ကြားရေးမှူး (ဝန်ထမ်းရေးရာ)၊ ၂၀၀၁ မှ ၂၀၀၃ ထိ ကျန်းမာရေးဦးစီးဌာန(ရန်ကုန်မြို့)တွင် ဒုတိယညွှန်ကြားရေးမှူး(အခြေခံကျန်းမာ)၊ ၂၀၀၃ မှ ၂၀၀၆ ထိ ကျန်းမာရေးဦးစီးဌာန(ရန်ကုန်မြို့) ညွှန်ကြားရေးမှူး(ပြည်သူ့ ကျန်းမာ)၊ ၂၀၀၆ မှ ၂၀၀၈ ထိ ကျန်းမာရေးဦးစီးဌာန(ရန်ကုန်မြို့)တွင် ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ၁၅-၂-၂၀၀၈ မှ ၁၅-၆-၂၀၀၈ ထိ ကျန်းမာရေးဦးစီးဌာန (ရန်ကုန်မြို့)တွင် ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ၂၀၀၈ မှ ၂၀၁၄ ထိ ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) (ရန်ကုန်မြို့)တွင် National Consultant တို့အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၀ မှ ၁၉၈၂ ထိ မြို့နယ်ပြည်သူ့ကောင်စီဝင်(ကျောင်းကုန်းမြို့နယ်)၊ ၁၉၈၂ မှ ၁၉၈၈ ထိ အခြေခံအလုပ်သမားအစည်းအရုံးဥက္ကဋ္ဌ(ငါးသိုင်းချောင်းမြို့)၊ ၁၉၈၄ မှ ၁၉၈၈ ထိ တိုင်းပြည်သူ့ကောင်စီ(လူမှုရေးရာကော်မတီဝင်) ပုသိမ်မြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားကျန်းမာရေးမူဝါဒ ရေးဆွဲရာတွင် ပါဝင် ဆောင်ရွက်သည်။ မိခင်နှင့် ကလေးကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မိခင်နှင့်ကလေးအသင်းဝင်များကို ဦးဆောင်ပါဝင်ဆောင်ရွက်သည်။ ကြက်ခြေနီ အသင်းနှင့်ပူးပေါင်း၍ ရှေးဦးသူနာပြုသင်တန်းများပေးခြင်း၊ အရေးပေါ် စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ကျေးလက်သင့်ကျေးရွာများသို့ ပရဟိတအဖွဲ့များ၊ လူငယ်အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။၂၀၁၅ ခုနှစ် ရေဘေးတွင် ငါးသိုင်းချောင်းမြို့ဝန်းကျင်ရှိ ရေဘေးသင့်ကျေးရွာများသို့ ပရဟိတအဖွဲ့များ၊ လူငယ်အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ခဲ့သည်။ ၁၉၉၉ မှ ၂၀၀၂ ထိ မြန်မာနိုင်ငံကြက်ခြေနီ အသင်း ဗဟိုကော်မတီဝင်၊ ၂၀၀၃ မှ ၂၀၀၈ ထိ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဗဟိုကောင်စီဝင်တို့အဖြစ်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။ ၃၁-၅-၁၉၉၀ တွင် နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်၊ ၄-၁-၁၉၉၅ တွင် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ်၊ ပြည်သူ့ဝန်ထမ်းတံဆိပ်၊ ၄-၁-၂၀၀၆ တွင် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်များ ရရှိခဲ့သည်။