ဦးဇော်သိန်း( ဝါးခယ်မမဲဆန္ဒနယ်)

အမည်

ဦးဇော်သိန်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/ကတတ(နိုင်)၀၁၉၇၄၄

မွေးသက္ကရာဇ်/အသက်

၂၀-၉-၁၉၅၀/(၆၅)နှစ်

မွေးဖွားရာဇာတိ

ဝါးခယ်မမြို့

ပညာအရည်အချင်း

မဟာဝိဇ္ဇာ

လက်ရှိအလုပ်အကိုင်

ကုန်သည်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးသိန်းမောင်၊ ၁၂/ကတတ(နိုင်)၀၁၄၉၄၆၊ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အေးမြင့်၊ ၁၂/ကတတ(နိုင်)၀၁၅၅၈၅၊ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၁၅၁)၊ (၃၆)လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဝါးခယ်မမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို အ.ထ.က(၁)လမ်းမတော်တွင် သင်ကြားခဲ့ပြီး ရန်ကုန်မြို့ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်တွင် ပညာဆက်လက်သင်ယူကာ မဟာဝိဇ္ဇာဘွဲ့ကိုရရှိခဲ့ပါ သည်။ ထို့အပြင် အမေရိကန်ပြည်ထောင်စု Michigan ပြည်နယ်ရှိ Western Michigan University သို့လည်း သွားရောက်ပညာသင်ကြားခဲ့သည်။ အသက်မွေးဝမ်းကျောင်းအဖြစ် ကုန်သည်လုပ်ငန်းလုပ်ကိုင်ခဲ့သည်။ သခင်ကိုယ်တော်မှိုင်းဂူဗိဗ္မာန်စောင့်ရှောက်ရေးအဖွဲ့တွင် ပါဝင်ခဲ့သည်။