ဦးထွန်းထွန်း(ပွင့်ဖြူမဲဆန္ဒနယ်)

အမည်

ဦးထွန်းထွန်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၈/ပဖန(နိုင်)၀၁၇၈၇၁

မွေးသက္ကရာဇ်/အသက်

၂၇-၇-၁၉၆၉/(၄၇)နှစ်

မွေးဖွားရာဇာတိ

မဲဇလီကျေးရွာ

ပညာအရည်အချင်း

B.Com

လက်ရှိအလုပ်အကိုင်

ဈေးသည်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးသာအေး၊ ၈/ပဖန(နိုင်)၀၁၇၈၁၉၊ တောင်သူ

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကြည်၊ PBU-062036၊ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကေသီမိုး၊ ၈/စတရ(နိုင်)၀၂၂၂၇၀

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မောင်ကြယ်သော်တာထွန်း၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၁၅၅)၊ မဲဇလီကျေးရွာ၊ ပွင့်ဖြူမြို့နယ်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဒုတိယဥက္ကဋ္ဌမြို့နယ်အလုပ်အမှုဆောင်၊ ပွင့်ဖြူမြို့

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပွင့်ဖြူမြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာအလယ်တန်းကို မဲဇလီကျေးရွာတွင်လည်းကောင်း၊ အခြေခံပညာအထက်တန်းကို ပွင့်ဖြူမြို့တွင်လည်းကောင်း သင်ယူခဲ့သည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် တက်ရောက်သင်ယူခဲ့ရာ (B.Com)ဘွဲ့ ရရှိခဲ့သည်။ တောင်သူနှင့် သယ်ယူပို့ဆောင်ရေး(ကုန်ကားပိုင်) လုပ်ကိုင်ခဲ့သည်။ ၁၉၈၈ ခုနှစ်၊ လူထုလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ခဲ့ရာ ပွင့်ဖြူမြို့မရဲစခန်း တွင် (၁)လ ထိန်းသိမ်းခံခဲ့ရသည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အောင်နိုင်ရေးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် မြို့နယ်အလုပ်အမှုဆောင် ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ကျေးရွာလူမှုကူညီရေးအသင်းတွင် အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်ထိ အမေ့အိမ်ပညာဒါန ကျောင်းအား ဖွင့်လှစ်ခဲ့ရာတွင်လည်းကောင်း ဆောင်ရွက်ခဲ့သည်။