|
အမည် |
ဦးတီခွန်မြတ် |
|
အခြားအမည် |
Jeffery |
|
လူမျိုး/ဘာသာ |
ကချင်/ခရစ်ယာန် |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၃/ကခန(နိုင်) ၀၀၃၉၂၉ |
|
မွေးသက္ကရာဇ်/အသက် |
၃၀.၁၀.၁၉၅၀ / (၆၀)နှစ် |
|
မွေးဖွားရာဇာတိ |
ရပ်ကွက်(၄)၊ ကွတ်ခိုင်မြို့ |
|
B.A (Law) L.L.B |
B.A (Law) L.L.B |
|
လက်ရှိအလုပ်အကိုင် |
ဥပဒေညွှန်ကြားရေးမှူး၊ ရှေ့နေချုပ်ရုံး (ငြိမ်း) |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးတီခွန်ဂေါင် (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ဖော်ဂျန်ထု (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ရင်မေ၊ ၁၃/ကခန(နိုင်) ၀၀၃၉၃၀၊ အထက်တန်းပြဆရာမ (ငြိမ်း) |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
|
|
အမြဲတမ်းနေရပ်လိပ်စာ |
ဃ/၄၁၇၊ တာမိုးညဲလမ်း၊ ရပ်ကွက်(၄)၊ ကွတ်ခိုင်မြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရသည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ကွတ်ခိုင်မြို့နယ် ၊ |
|
ဖြစ်စဥ်အကျဥ်းချုပ်(ယနေ့အထိ) |
ငယ်စဥ်က Stella Mars Convent ကျောင်း၊ တောင်ကြီး အ.ထ.က၊ မေမြို့ အ.ထ.က(၅)တို့၌ ပညာသင်ကြားခဲ့သည်။ ထို့နောက် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် ဥပဒေအဓိကဖြင့် ပညာဆက်လက် ဆည်းပူးခဲ့သည်။ အလုပ်သင်ရှေ့နေအဖြစ် လက်တွေ့သင်ကြားခဲ့ပြီး ဥပဒေ ဝန်ထမ်းအဆင့်(၄)အဖြစ်လည်းကောင်း၊ ကွတ်ခိုင်မြို့နယ် ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖြစ်လည်းကောင်း၊ တောင်ငူမြို့နယ်ဥပဒေရုံးတွင် ဥပဒေဝန်ထမ်း အဆင့်(၃) အဖြစ်လည်းကောင်း၊ ကွတ်ခိုင်မြို့နယ် ငြိမ်ဝပ်ပိပြားရေးအဖွဲ့ အတွင်းရေးမှူး တာဝန်ကိုလည်းကောင်း ထမ်းဆောင်ခဲ့ သည်။ ၁၉၉၀ ပြည်နှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ရှေ့နေချုပ်ရုံး ဥပဒေ ညွှန်ကြားရေးမှူးအဖြစ် တွဲဖက်ထားပြီး အရှေ့မြောက် တိုင်း စစ်ဌာနချုပ်၏ ကွပ်ကဲမှုကိုခံယူ၍ ကွတ်ခိုင်ပြည်သူ့ဌာနေ တိုက်ခိုက်ရေး ရဲအဖွဲ့ခေါင်းဆောင်အဖြစ် အထူးတာဝန် တစ်ရပ် ထမ်းဆောင်လျက်ရှိသည်။ ၂၀၀၇ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးကော်မရှင်တွင်လည်းကောင်း၊ ၂၀၀၈ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်တွင်လည်းကောင်း ပါဝင် ခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ကွတ်ခိုင် မြို့နယ် အတွင်းရေးမှူးတာဝန်ကိုလည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်နယ်အလုပ် အမှုဆောင်တာဝန် ကိုလည်း ကောင်း ထမ်းဆောင်ခဲ့သည်။ နိုင်ငံတော်မှချီးမြှင့်သော ရဲသူရတံဆိပ်၊ နိုင်ငံတော် အေးချမ်း သာယာရေးတံဆိပ်၊ ဝန်ထမ်းကောင်းဆု၊ ရှေ့နေချုပ် ဒုတိယအဆင့်၊ ရဲချုပ်ဂုဏ်ထူးဆောင်လက်မှတ်၊ စီမံထူးချွန် တံဆိပ် တတိယအဆင့်၊ စီမံထူးချွန်တံဆိပ် ဒုတိယအဆင့်နှင့် ရှေ့နေချုပ်ပထမအဆင့်တို့ ရရှိခဲ့သည်။ |
