ဦးအောင်ခင်ဝင်း ( မြိုင် မဲဆန္ဒနယ်)

အမည်

ဦးအောင်ခင်ဝင်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၈/မမန(နိုင်)၀၁၄၆၃၈

မွေးသက္ကရာဇ်/အသက်

၂-၉-၁၉၅၆/(၅၉)နှစ်

မွေးဖွားရာဇာတိ

အမှတ်(၃)ရပ်ကွက်၊ မြိုင်မြို့

ပညာအရည်အချင်း

A.G.T.I (ဒုတိယနှစ်)

လက်ရှိအလုပ်အကိုင်

လျှပ်စစ်ပစ္စည်းအရောင်းအဝယ်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးသိန်းမောင်၊ ၈/မမန(နိုင်)၀၇၇၇၀၁၊(ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်သန်း၊ ၈/မမန(နိုင်)၀၇၇၇၆၇၊(ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ယဉ်ယဉ်နု၊ ၈/မမန(နိုင်)၀၇၇၇၇၁၊ အရောင်းအဝယ်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မအေးမြတ်သူ၊ ၈/မမန(နိုင်)၂၀၄၂၄၅၊ ကျောင်းသူ

(၂) မစုယဉ်ဝင်း၊ ၈/မမန(နိုင်)၂၃၃၀၆၇၊ ကျောင်းသူ

(၃) မယဉ်မင်းဖြူ၊ ၈/မမန(နိုင်)၂၃၃၁၄၀၊ ကျောင်းသူ

(၄) မောင်ထက်ဝေအောင်၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

ဗိုလ်တေဇလမ်း၊ အမှတ်(၃)ရပ်ကွက်၊ မြိုင်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ၊ မြို့နယ်စည်းရုံးရေးအဖွဲ့

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြိုင်မြို့နယ် (ဒုတိယအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်ကအခြေခံပညာကို ၁၉၆၂ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ မူလတန်းနှင့် ၁၉၆၇ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ အစိုးရအထက်တန်းကျောင်း၊ မြိုင်မြို့တွင် သင်ယူခဲ့သည်။ ၁၉၇၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ သခင်ဖိုးလှကြီးစက်မှုလက်မှုသိပ္ပံကျောင်းကို ချောက်မြို့တွင် တက်ရောက်ခဲ့သည်။ ၁၉၈၈ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၁၉၉၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ အဖြစ်လည်းကောင်းပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၇၆ ခုနှစ်၊ မှိုင်းရာပြည့် အရေးအခင်းတွင်ပါဝင်ခဲ့သည့်အတွက် ပုဒ်မ၁၂၄(က)/၁၄၉/၁၄၃တို့ဖြင့် ပြစ်ဒဏ်(၁)နှစ်နှင့် (၉)လ ကျခံရသည်။